Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်မှာ ရထားလမ်းချော်မှုဖြစ်ပြီး ၄၀ ကျော် ဒဏ်ရာရ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက ရုန်းမြို့နားမှာရှိတဲ့ ကလီယွန် ဧရိယာမှာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက ရထားလမ်းချော်မှု ဖြစ်ခဲ့တာပါ။ ရုန်းနဲ့ ကိန်းမြို့တွေကြား ပြေးဆွဲရာ ရထားပေါ်မှာ လူပေါင်း ၁၈၀ လောက် စီးနင်းလိုက်ပါလာပြီး ၄၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကတော့ ဒဏ်ရာပြင်းလို့ ဆေးရုံကို ရဟတ်ယာဉ်နဲ့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီး ဖိလစ် တာဘာရော့က ပြောကြားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တခြား အရေးပေါ် အခြေအနေ တုံ့ပြန်ရေး အေဂျင်စီ ဝန်ထမ်းတွေ စုစုပေါင်း ၁၄၀ လောက်ဟာ အခင်းဖြစ်ရာ နေရာကို အဆောတလျင် သွားရောက်ပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ ရထားပျက်ထဲကနေ ခရီးသည်တွေ လမ်းလျှောက်ပြီး ထွက်လာကြတာကို တွေ့ရပါတယ်။ အဆိုအရ ရထားတွဲ သုံးခုဟာ လမ်းချော်ပြီး တိမ်းမှောက်သွားခဲ့ကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရထားလမ်းချော်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ပို့ဆောင်ရေး ဝန်ကြီးဌာနက ကိန်းနဲ့ ရုန်းကြားမှာ ရထားပြေးဆွဲမှုတွေဟာ အခုဖြစ်စဉ်ကြောင့် နှောင့်နှေးမှုတွေ၊ တခြားပြဿနာတွေ ကြုံတွေ့ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အာဏာပိုင်တွေက ရထားလမ်းချော်မှု ဖြစ်ထားတဲ့ နေရာတဝိုက်ကို ဒေသခံတွေ သွားရောက်တာမျိုး မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။