Connect with us

Hi, what are you looking for?

သတင်း

ရုံးစည်ကြီးရဲစခန်းတိုက်ပွဲ မြင်းခြံခရိုင်တပ်ရင်း(၃) တပ်ရင်းမှူးဆရာကျောင်း ကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဥ် ရဲဘော်တစ်ဦးထိမှန်သွားသည်ကို ကယ်ထုတ်ရာ ကျည်ထိမှန်၍ တပ်ရင်းမှူးဖြစ်သူ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ဆရာကျောင်း ကျဆုံးသွားကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

မြင်းခြံခရိုင် တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - MDA-3

◾️ရဲဘော်တစ်ဦးထိမှန်သည်ကို ကယ်ထုတ်စဉ် ကျည်ထိမှန်ခြင်းဟုဆို၊

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဥ် ရဲဘော်တစ်ဦးထိမှန်သွားသည်ကို ကယ်ထုတ်ရာ ကျည်ထိမှန်၍ တပ်ရင်းမှူးဖြစ်သူ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ဆရာကျောင်း ကျဆုံးသွားကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၂ ရက်က တောင်သာမြို့နယ်၊ ရုံးစည်ကြီးတိုက်နယ် စစ်ကောင်စီ၏ နယ်မြေရဲစခန်းအား မြင်းခြံခရိုင် PDF တပ်ရင်းများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တပ်ရင်းမှူး ဆရာကျောင်း ကျဆုံးခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေအပြည့်အစုံအား မသိရသေးပေ။

Public Service Announcement

Public Service Announcement

“ဆရာကျောင်း ဆိုတာက မြင်းခြံခရိုင် တပ်ရင်း(၃)က တပ်ရင်းမှူး ပါ။ ဖြစ်စဥ်သိရသလောက်ကတော့ မနေ့က ရုံးစည်ကြီးစခန်းကို ဝင်တိုက်ရင်းကနေ သူ့ရဲဘော်တစ်ယောက်ကျသွားတာကို သူကတက်ကောက်ရင်း သူပါထိပြီး ကျသွားတာ”ဟု မြေပြင်ရောက်တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရုံးစည်ကြီးရဲစခန်းတိုက်ခိုက်မှု အပြည့်အစုံအားသိရှိနိုင်ရန် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ တပ်ခွဲမှူးတစ်ဦးထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ယခုဖြစ်စဥ်ကို ဖြေကြားပိုင်ခွင့်မရှိ၍ နားလည်ပေးပါရန် ပြန်လည်မေတ္တာရပ်ခံ ဖြေကြားခဲ့သည်။

ရုံးစည်ကြီးစခန်းတိုက်ခိုက်မှု တိုက်ပွဲအခြေအနေကြောင့် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းနှင့်အတူ ခရိုင်တပ်ရင်းများဖြစ်သော အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ် (၄)တပ်ရင်းများမှလည်း သွားရောက်၍တပ်ကူ၊ ပစ်ကူပေးခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း စုံစမ်းသိရသည်။

“ဆရာကျောင်းရေ ခင်များကိုချစ်ရတာလဲ အရင်းအနှီးကြီးလိုက်တာဗျာ……ဘာမှကိုဆက်မလုပ်ချင်တော့ဘူး…”ဟု ဆရာကျောင်း ကျဆုံးမှုနှင့်စပ်လျဥ်း၍ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းမှ ဒုတပ်ရင်းမှူးက ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က အထက်ပါ မြင်းခြံခရိုင် PDF တပ်ရင်းများ ဝင်ရောက်တိုက်ခိုက်ခဲ့သော တောင်သာနယ်၊ ရုံးစည်ကြီးရဲစခန်းမှ ရဲတပ်သားကျော်သောင်းနှင့် ဇနီးဖြစ်သူတို့ စျေးထွက်ဝယ်ပြီးအပြန်လမ်း၌ တောင်သာမြို့နယ် ပကဖ ရဲဘော်များက စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ အဆိုပါရဲတပ်သားလင်မယားကို လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။