Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ စစ်တပ်က ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့နေ

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်က တောင်သာမြို့နယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မတ်-၂၇၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မီးရှို့နေတဲ့ စစ်ကြောင်းကပဲ သဲတောရွာကိုထပ်ဝင်ရှို့တယ်။အိမ်ခြေ ဘယ်လောက်ပါသွားလဲ တော့ မသိရသေးဘူး။စစ်ကြောင်းကသဲတော ပတ်ဝန်းကျင်မှာပဲရှိ သေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ‌တောင်သာမြို့ ပေါ်ကနေ မတ်လ၂၀ ရက်မှာ ညောင်တို၊ကန်ပေါက်ကျွန်းကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။မတ်လ၂၃ရက်မှာ အဲဒီစစ်ကြောင်းဟာ မင်းတည်းကျေးရွာကို ရောက်ရှိခဲ့ပြီး မင်းတည်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မင်းတည်းကျေးရွာကို နှစ်ရက်ဆက် ရွာလုံးကျွတ်မီးရှို့ပြီးတဲ့နောက် မတ်လ၂၆ရက် မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်သာမြို့ပေါ်နေ ဖောကား၂စီး၊ခြေလျင်စစ်ကြောင်းတစ်ကြောင်းနဲ့ စုစုပေါင်း အင်အား၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီး နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။