Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း

ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း နိုင်ပကောင်း/People' Spring ထိုင်း - မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။ နယ်စပ်အနီးမှာ ရှိတဲ့ စစ်တပ်စခန်းကို KNU တပ်မဟာ (၇) ဘက်က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ နယ်ခြားမြစ် သောင်ရင်းမြစ်အနီး တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်လာတာကြောင့် ဒေသံ ၁၀၀ ခန့် ထိုင်း ဘက်ခြမ်းကိုထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်သုံးပြီး ဗုံးကြဲလာတာကြောင့် ဒေသခံတွေ ထိုင်းဘက် ထွက်ပြေးသလို ထိုင်းဘက်က တိုက်လေယာဉ် ပျံတက်လာပြီး နယ်စပ်အနီး ကင်းလှည့် ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ် ကပြောပါတယ်။ မြန်မာဘက်ခြမ်းက ဒေသခံတွေဟာ ထိုင်းနိုင်ငံ တာ့ခရိုင် ၊ ထာ့ဆောင်ယန်းမြို့ ထဲ ထွက်ပြေးရတာဖြစ်ပြီး ထိုင်းဘက်က စားစရာ တွေ ၊ သောက်ရေ တွေ ဝေငှ ခဲ့တယ်လို့သိရပါတယ်။ ထိုင်းသတင်းဌာန Khaosod မှာ လည်း မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ကရင်တိုင်းရင်းသား ၁၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖော်ပြပါတယ်။ ဒါအပြင် နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီလေတပ်က ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ် ရဲ့ F-16 တိုက်လေယာဉ် တစ်စီးက ထိုင်းလေပိုင်နက် တာ့ခရိုင်ထဲ ကင်းပတ် ပျံသန်းခဲ့တယ်လို့ Khaosod သတင်းဌာနက ဆိုထားပါတယ်။ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ပွားရာ တဝိုက် ကို နေရာကိုတွေ့ရစဉ် ဓာတ်ပုံ - เอก เกียรติศักดิ์ แม่สอด/FB

နိုင်ပကောင်း/People’ Spring

ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နယ်စပ်အနီးမှာ ရှိတဲ့ စစ်တပ်စခန်းကို KNU တပ်မဟာ (၇) ဘက်က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

နယ်ခြားမြစ် သောင်ရင်းမြစ်အနီး တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်လာတာကြောင့် ဒေသံ ၁၀၀ ခန့် ထိုင်း ဘက်ခြမ်းကိုထွက်ပြေး တိမ်းရှောင်နေရပါတယ်။

Public Service Announcement

Public Service Announcement

မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်သုံးပြီး ဗုံးကြဲလာတာကြောင့် ဒေသခံတွေ ထိုင်းဘက် ထွက်ပြေးသလို ထိုင်းဘက်က တိုက်လေယာဉ် ပျံတက်လာပြီး နယ်စပ်အနီး ကင်းလှည့် ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ် ကပြောပါတယ်။

မြန်မာဘက်ခြမ်းက ဒေသခံတွေဟာ ထိုင်းနိုင်ငံ တာ့ခရိုင် ၊ ထာ့ဆောင်ယန်းမြို့ ထဲ ထွက်ပြေးရတာဖြစ်ပြီး ထိုင်းဘက်က စားစရာ တွေ ၊ သောက်ရေ တွေ ဝေငှ ခဲ့တယ်လို့သိရပါတယ်။

ထိုင်းသတင်းဌာန Khaosod မှာ လည်း မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ကရင်တိုင်းရင်းသား ၁၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖော်ပြပါတယ်။

ဒါအပြင် နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီလေတပ်က ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ် ရဲ့ F-16 တိုက်လေယာဉ် တစ်စီးက ထိုင်းလေပိုင်နက် တာ့ခရိုင်ထဲ ကင်းပတ် ပျံသန်းခဲ့တယ်လို့ Khaosod သတင်းဌာနက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook