Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် အလုပ်ဖြုတ်တဲ့ အစိုးရ ဝန်ထမ်းတွေကို တရုတ်နဲ့ ရုရှား ချဉ်းကပ်နေတယ်လို့ ထောက်လှမ်းရေး သတိပေး

သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း အလုပ်ထုတ်ခံရလိုက်ရတဲ့၊ ဒါမှမဟုတ် အလုပ်ထုတ်ခံရနိုင်ခြေ ရှိနေတဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ရုရှားနဲ့ တရုတ်တို့ အပါအဝင် ပြိုင်ဘက် နိုင်ငံတွေက သွေးဆောင် စည်းရုံးနေကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း အလုပ်ထုတ်ခံရလိုက်ရတဲ့၊ ဒါမှမဟုတ် အလုပ်ထုတ်ခံရနိုင်ခြေ ရှိနေတဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ရုရှားနဲ့ တရုတ်တို့ အပါအဝင် ပြိုင်ဘက် နိုင်ငံတွေက သွေးဆောင် စည်းရုံးနေကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာပါတယ်။

CNN သတင်းဌာနက လေ့လာခွင့် ရခဲ့တဲ့ အဲဒီ ထောက်လှမ်းရေး မှတ်တမ်းမှာတော့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေဟာ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍနဲ့ ဆက်စပ်တဲ့ အလုပ်တွေမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ထရမ့်ကြောင့် အလုပ်ပြုတ်သွားတဲ့၊ ဒါမှမဟုတ် မကြာခင် အလုပ်ဖြုတ် ခံရတော့မယ်လို့ ခံစားရပြီး စိတ်ဖိစီးနေတဲ့ သူတွေကို အဓိက ပစ်မှတ်ထား ချဉ်းကပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ထရမ့်ဟာ အမေရိကန် အစိုးရ အဖွဲ့ရဲ့ အသုံးစရိတ် ဘတ်ဂျတ်တွေကို ထိထိရောက်ရောက် လျှော့ချပြမယ်လို့ ကြုံးဝါးရင်း ဖက်ဒရယ် အစိုးရ အဖွဲ့ထဲမှာရှိတဲ့ ဝန်ထမ်း အင်အား အများအပြားကို ဖယ်ရှားဖို့ စီစဉ်နေပါတယ်။ အလုပ်ထုတ်ခံရသူတွေလည်း ရှိနှင့်ထားပြီးပါပြီ။

ရုရှားနဲ့ တရုတ်တို့ဟာ အဲဒီ အမေရိကန် အစိုးရ ဝန်ထမ်းတွေထဲကမှ အမျိုးသား လုံခြုံရေးနဲ့ ဆက်စပ်တဲ့ သတင်း အချက်အလက်တွေ ထိတွေ့ခွင့် ရသူတွေကို အထူးတလည် စိတ်ဝင်တစား လိုက်လံ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလုပ်ထုတ်ခံရတဲ့ အစိုးရ ဝန်ထမ်းတွေထဲမှာ အမေရိကန်ရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေ၊ အစိုးရ ဗျူရိုကရေစီ ယန္တရားတွေအကြောင်း သိနားလည်ထားတဲ့ သူတွေလည်း ရှိနေတယ်လို့ သတင်းရင်းမြစ် နှစ်ခုက CNNကို ပြောပါတယ်။ အခုအချိန်မှာတော့ LinkedInလို အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ဝက်ဘ်ဆိုက်တွေ၊ နောက်ပြီး TikTok RedNote၊ Reddit သုံးစွဲသူတွေထဲက အမေရိကန် အစိုးရဝန်ထမ်း အကောင့်တွေကို ခြေရာခံပြီး ရုရှားနဲ့ တရုတ် သူလျှိုတွေက စည်းရုံး သိမ်းသွင်းရေး အကြံအစည်တွေ စတင်နေပြီလို့လည်း ဆိုပါတယ်။

အခုအကြောင်းအရာ အသေးစိတ်ကို စုံစမ်း သိရှိနိုင်ဖို့အတွက် CNNဟာ အမေရိကန်ရဲ့ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် တရုတ်နဲ့ ရုရှား သံရုံးတွေဆီ ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်မှု မရသေးပါဘူး။

အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းထဲက နာမည် မဖော်လိုတဲ့ သတင်းရင်းမြစ် တချို့က အဲဒီကိစ္စဟာ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေကြောင်း လေးလေးနက်နက် သတိပေးထားပေမယ့် အစိုးရက ထိရောက်တဲ့ တုံ့ပြန်မှု မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဖျော်ဖြေရေး ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးတာကို အစွဲပြုပြီး ထောက်လှမ်းရေး အရင်းအမြစ် တစ်ဦးက ဝန်ထမ်းတွေ အများအပြားကို အစိုးရက အလုပ်ထုတ်ပစ်နေတဲ့ ကိစ္စဟာ လူကြည့်ကောင်းရုံ ရုပ်မြင်သံကြား ပြကွက် တစ်ခု မဟုတ်ကြောင်း၊ နောက်ဆက်တွဲ အကျိုးဆက်တွေ အများကြီး ရှိနိုင်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

CIA ထောက်လှမ်းရေး ဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ဟာလည်း ထရမ့်အစိုးရရဲ့ ဝန်ထမ်းလျှော့ချရေး ကိစ္စမှာ အတော်ကြီး သက်ရောက်မှု ကြီးကြီးမားမား ခံစားရမယ့် အခြေအနေ ရှိနေပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ရုံးတွင်း ညွှန်ကြားချက် တစ်ခုထဲမှာ အစမ်းခန့် ဝန်ထမ်း ၅၀၀၀ ကျော်၊ အများစုဟာ တစ်နှစ်အောက် လုပ်သက် ရှိသူတွေဟာ အချိန်တိုအတွင်း ထုတ်ပယ်ခံရလိမ့်မယ်လို့ အသိပေးထားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။