Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင်စစ်ကောင်စီတပ်ကခရီးတင်ကားများအသုံးပြုနေ၍ ခရီးသည်တင်ကားသွားလာခွင့်ကိုတားမြစ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်နေကြသည်။

(မြောင်မြို့နယ် ဂြိုဟ်တုပုံရိပ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်များသည် ခရီးသည်တင်ကားများကိုအသုံးပြု၍ အင်အားဖြည့်တင်းနေသောကြောင့် ခရီးသည်တင်ကားများ သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ တားမြစ်လိုက်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)ကအသိပေးသည်။

စစ်ကောင်စီသည် ခရီးသည်တင်ကားများဖြင့် မြို့နယ်အတွင်းအင်အားဖြည့်တင်းနေသည်ကို သတိထားမိခဲ့၍ မြို့နယ်အတွင်း ခရီးသည်တင်ကားများ သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ တားမြစ်လိုက်ကြောင်း၊ တားမြစ်ထားသည့်ကြားမှ ထွက်ပေါ်လာသောယာဥ်များအား စစ်ကောင်စီထောက်ကူပြုနေသည်ဟုယူဆကာ ချေမှုန်းရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတိပေးသည်။

မလိုလားအပ်သော ဖြစ်ရပ်များကာကွယ်နိုင်ရန် ပြည်သူများ အရေးပေါ် ခရီးသွားသည့်အခါ အသုံးပြုသောယာဥ်အမျိုးအစား၊ သွားရသည့်အကြောင်းရင်း၊ စသည့်ခိုင်လုံသောအချက်များဖြင့် CDSOM အဖွဲ့သို့အသိပေးကာ သွားလာကြပါရန် ၎င်းအဖွဲ့ကမေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။