Connect with us

Hi, what are you looking for?

သတင်း

တစ်လကြာဖမ်းထားသည့် (၁၅)နှစ်အရွယ်မိန်းကလေးကို MNDAA ပြန်လွှတ်ပေး

ကိုးကန့်တပ်မတော်(MNDAA)ဖမ်းဆီးထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာမှ (၁၅)နှစ် အရွယ် မိန်းကလေးနန်းယိင်းဟွမ်အား တစ်လအကြာတွင် ယနေ့(မတ်လ ၇ရက်) ပြန်လွတ်မြောက် လာခဲ့သည်။

ကဖေး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ဖမ်းဆီးထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာမှ (၁၅)နှစ် အရွယ် မိန်းကလေးနန်းယိင်းဟွမ်အား တစ်လအကြာတွင် ယနေ့(မတ်လ ၇ရက်) ပြန်လွတ်မြောက် လာခဲ့သည်။

” နန်းယိင်းဟွမ်ပြန်လွှတ်လာပြီ။ ကိုးကန့်ဘက်က ပြန်လွှတ်ပေးတာ။ မိဘတွေဆီအပ်ပေးတာလို့ သိရပါတယ်”ဟု လားရှိုးဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက MNDAA တပ်ဖွဲ့ဝင် နှစ်ဦး အချင်းချင်းပစ်ခတ်မှုဖြစ်ပွားသည့် လူမှုရေးပြဿနာတွင် နန်းယိင်းဟွမ်နှင့်ပတ်သက်သည်ဟုဆိုကာ မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် MNDAA တပ်ဖွဲ့က ဖေဖော်ဝါရီ ၇ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နန်းယိင်းဟွမ်အား ပြန်လွှတ်ပေးရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများက “Free Nang Ying Hom” အွန်လိုင်းကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့ကြသည်။

မိန်းကလေး၏ မိဘများကလည်း MNDAA ဌာနချုပ်သို့ တောင်းဆိုခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ၊ အာဆီယံနှင့်တရုတ်၊ထိုင်းနိုင်ငံ သံရုံးများ၊လူ့အခွင့်အရေးအဖွဲ့များထံလိပ်မူ၍ စာပေးပို့အသိပေးခဲ့ကြသည်။

ထို့နောက် နန်းယိင်းဟွမ်သည် ဖမ်းဆီးခံရချိန်မှ တစ်လတိတိအကြာတွင် ပြန်လည် လွတ်မြောက် လာခြင်းဖြစ်သည်။

” ယနေ့ မတ်လ ၇ ရက်နေ့ ညနေ ၃:၃၀ ခန့်တွင် နန်းယိင်းဟွမ်ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး မိဘရင်ခွင်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပါသည်။နန်းယိင်းဟွမ်ပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသော၊ဝိုင်းဝန်းရံပေးခဲ့ကြသော လူပဂ္ဂိုလ်တိုင်းအား နန်းယိင်းဟွမ်နှင့် မိသားစုကိုယ်စား အထူးကျေးဇူးတင်ပါသည်”ဟု Free Nang Ying Hom” အွန်လိုင်းကမ်ပိန်း လူမှုကွန်ရက်စာမျက်နှာက ရေးသားဖော်ပြထားသည်။

နန်းယိင်းဟွမ်၏ ကျန်းမာရေးအခြေအနေကို အသေးစိတ် မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။