Connect with us

Hi, what are you looking for?

News

မတူပီ-ပလက်၀လမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ခန့်သေဟု CDF ထုတ်ပြန်

စစ်ကောင်စီတပ်များသည် မတူပီ – ပလက်၀လမ်း တွီရှစ်ရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဖော်ပြထားသည်။

(မင်းတပ်မြို့နယ်ရှိ လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သြဂုတ်အတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် ၂၀ခန့် သေဆုံးပြီး ၁၀ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း မတူပီမြို့နယ် ချင်းပြည်ကာကွယ် ရေးတပ်ဖွဲ့(CDF)က ယမန်နေ့(နိုဝင်ဘာ၃ရက်) ထုတ် ပြန်သည်။

မတူပီအခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ ထွက်ခွာလာသည့် စစ်ကြောင်းကို အောက်တိုဘာ ၃၀ရက်က မိုင်းခွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် နိုဝင်ဘာ ၂ရက်ကလည်း နှစ်ဖက်အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် မတူပီ – ပလက်၀လမ်း တွီရှစ်ရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းလျက်ရှိရာ အောက်တိုဘာ ၂၈ရက်တွင် မော်တော်ယာဉ် ၈၃စီးဖြင့် အင်အား ၃၀၀ခန့် မတူပီမြို့သို့ ရောက်လာကြောင်း၊အဆိုပါ ယာဉ်တန်းသည် အောက်တိုဘာ ၁၂ရက်က ပေါက်- ကျောက်တု ဘက်မှ မင်းတပ် – မတူပီ လမ်းအတိုင်း ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့လာရောက်စဉ် မတူပီ CDFနှင့် မင်းတပ် CDF တို့ ပူးပေါင်း ခုခံခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်မှ ၂၀ခန့်သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ထပ်မံ၍ အင်အားဖြည့်တင်းမည်ဟု သတင်းရရှိကြောင်း မတူပီ CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ထို့ကြောင့် ထပ်မံအင်အားဖြည့်တင်းလာပါက စစ်ကိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ပေးရန် ၎င်းက တောင်းဆိုသည်။

မင်းတပ်- မတူပီလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ရှိအချိန်ထိ တပ်စွဲထားပြီး ပြည်သူပိုင် အိုးအိမ်များ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ကြက်၊ဝက်များကို သတ်ဖြတ်စားသောက်ခြင်း၊ လူနေရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါကျေးရွာများမှ ဒေသခံ ၁,၁၀၀ ခန့်မှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မတူပီ CDFက ထုတ်ပြန်သည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ် အကူအညီလိုအပ်နေပြီး လက်ရှိ အချိန်ထိ မတူပီ မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် မည်သည့် ထောက်ပံ့မှုမျှ မရရှိသေးဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။