Connect with us

Hi, what are you looking for?

LuduNwayOo

News

မြဝတီမြို့က ABSDF ရုံးအဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ တောင်းဆို

နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကျောင်းသားများဒီမိုကရစ်တစ်တပ်ဦး ABSDF ဆက်ဆံရေးရုံးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အကြမ်းဖက်စစ်ကကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ခံအပါအဝင် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မြဝတီမြို့ ABSDF ဆက်ဆံရေးရုံးက ရုံးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းထားတာဟာ NCA ကိုချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ PPST က တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့အစည်းအဝေးမှာ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းရဲ့ အဖွင့်မိန့်ခွန်းမှာ တောင်းဆိုထားတာပါ။

နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကျောင်းသားများဒီမိုကရစ်တစ်တပ်ဦး ABSDF ဆက်ဆံရေးရုံးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အကြမ်းဖက်စစ်ကကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ခံအပါအဝင် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်ဆံရေးရုံးနဲ့ အဖွဲ့ဝင်တွေဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO တွေရဲ့ နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်တို့လို ဆက်ဆံရေးအရာရှိဖြစ်တဲ့အပြင် သူတို့ကို အကာအကွယ်ပေးရမယ်လို့ NCA မှာပြဌာန်းထားတာကြောင့် စစ်ကောင်စီရဲ့ ဒီလိုပြုမူချက်တွေဟာ NCA ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ PPST ကိုယ်စား နိုင်အောင်မင်းက တောင်းဆိုလိုက်တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မြဝတီ ABSDF ဆက်ဆံရေးရုံးက ရုံးအဖွဲ့သားလေးဦးကို မြဝတီမှာရှိတဲ့ စစ်ကောင်စီရဲ့ဗျူဟာမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြို့ခံများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ဒေသခံအချို့သည် မြို့သို့ပြန်လာနေကြပြီဖြစ်သော်လည်း အများစုသည် စစ်ကောင်စီ၏ရန်ကိုကြောက်လှမ်း၍ ပြန်မလာရဲကြပေ။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။