Connect with us

Hi, what are you looking for?

News

မြဝတီမြို့က ABSDF ရုံးအဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ တောင်းဆို

နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကျောင်းသားများဒီမိုကရစ်တစ်တပ်ဦး ABSDF ဆက်ဆံရေးရုံးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အကြမ်းဖက်စစ်ကကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ခံအပါအဝင် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မြဝတီမြို့ ABSDF ဆက်ဆံရေးရုံးက ရုံးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းထားတာဟာ NCA ကိုချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ PPST က တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့အစည်းအဝေးမှာ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းရဲ့ အဖွင့်မိန့်ခွန်းမှာ တောင်းဆိုထားတာပါ။

နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကျောင်းသားများဒီမိုကရစ်တစ်တပ်ဦး ABSDF ဆက်ဆံရေးရုံးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အကြမ်းဖက်စစ်ကကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ခံအပါအဝင် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်ဆံရေးရုံးနဲ့ အဖွဲ့ဝင်တွေဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO တွေရဲ့ နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်တို့လို ဆက်ဆံရေးအရာရှိဖြစ်တဲ့အပြင် သူတို့ကို အကာအကွယ်ပေးရမယ်လို့ NCA မှာပြဌာန်းထားတာကြောင့် စစ်ကောင်စီရဲ့ ဒီလိုပြုမူချက်တွေဟာ NCA ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ PPST ကိုယ်စား နိုင်အောင်မင်းက တောင်းဆိုလိုက်တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မြဝတီ ABSDF ဆက်ဆံရေးရုံးက ရုံးအဖွဲ့သားလေးဦးကို မြဝတီမှာရှိတဲ့ စစ်ကောင်စီရဲ့ဗျူဟာမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook