Connect with us

Hi, what are you looking for?

နိုင်ငံတကာ

VOAနဲ့ RFA အပါအဝင် အမေရိကန် အစိုးရ ထောက်ပံ့ထားတဲ့ မီဒီယာတွေ အခက်ကြုံစေတဲ့ အမိန့်ကို ထရမ့်ထုတ်ပြန်

မြန်မာ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ သတင်းတွေ ဖော်ပြနေတဲ့ နိုင်ငံတကာ သတင်းဌာန နှစ်ခုဖြစ်တဲ့ အမေရိကန် အသံ (VOA)နဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA)တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်သွားစေတဲ့ အမိန့် ညွှန်ကြားချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

မြန်မာ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ သတင်းတွေ ဖော်ပြနေတဲ့ နိုင်ငံတကာ သတင်းဌာန နှစ်ခုဖြစ်တဲ့ အမေရိကန် အသံ (VOA)နဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA)တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်သွားစေတဲ့ အမိန့် ညွှန်ကြားချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

VOAနဲ့ RFAတို့ အပါအဝင် အမေရိကန် သတင်းဌာန တချို့ကို အစိုးရ ရန်ပုံငွေ ထောက်ပံ့ပေးနေရာ ဌာနဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM)နဲ့ တခြား အစိုးရ အေဂျင်စီ ၆ ခုကို ရင်းမြစ် အနည်းဆုံးနဲ့ပဲ လည်ပတ်ရစေမယ်ဆိုတဲ့ အမိန့်ကို မတ်လ ၁၅ ရက်နေ့မှာ ထရမ့်က လက်မှတ် ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အကျိုးဆက် အနေနဲ့ VOAအနေနဲ့ သတင်းထောက်တွေ၊ ထုတ်လုပ်သူတွေ၊ အကူဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းအင်အား ၁၃၀၀ လောက်ကို ချက်ချင်း ခွင့်ယူစေခဲ့ရကြောင်း VOAရဲ့ ညွှန်ကြားရေးမှူး မိုက်ကယ် အက်ဘရာမိုဝစ်ဇ်က ပြောပါတယ်။ ဒါဟာ ဘာသာစကား ၅၀ နီးပါးလောက်နဲ့ ကမ္ဘာတလွှားမှာ သတင်းတွေ ဖော်ပြပေးနေတဲ့ အထင်ကရ မီဒီယာ တစ်ခုအတွက် အနိမ့်ပါးဆုံး ကာလတစ်ခု ကြုံလာခြင်းလည်း ဖြစ်ပါတယ်။

၈၃ နှစ်တာ ကာလအတွင်း VOAရဲ့ အသံတွေ ပထမဆုံးအကြိမ် တိတ်ဆိတ်သွားရတဲ့အတွက် ဖော်မပြတတ်အောင် ကြေကွဲမိတယ်လို့ အက်ဘရာမိုဝစ်ဇ်က ဆိုပါတယ်။ VOAရဲ့ မြန်မာ သတင်းဌာနကလည်း လက်ရှိ အခြေအနေတွေအရ တိုက်ရိုက် Liveထုတ်လွှင့်မှု အစီအစဉ်တွေကို ယာယီ ရပ်ဆိုင်းထားမယ်လို့ မတ်လ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

RFAသတင်းဌာနကလည်း အမေရိကန် အစိုးရ ရန်ပုံငွေနဲ့ လည်ပတ်တဲ့ သတင်းဌာနတွေအတွက် ရန်ပုံငွေ ထောက်ပံ့မှု ဖြတ်တောက်ခံရခြင်းကြောင့် RFAရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ရပ်ဆိုင်းသွားနိုင်ကြောင်း သတင်းဖော်ပြထားခဲ့တာ တွေ့ရပါတယ်။

USAGMရဲ့ အကြီးတန်း အကြံပေး တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာထားသူ သတင်းတင်ဆက်သူဟောင်း၊ ပြီးတော့ ထရမ့်ရဲ့ အမာတော်ခံ သစ္စာ စောင့်သိသူ တစ်ယောက်ဖြစ်တဲ့ ကာရီလိတ်ခ်က USAGMဟာ အမေရိကန် ပြည်သူတွေအတွက် အင်မတန် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အပုပ်အသိုးကြီးလို့ စွပ်စွဲခဲ့ပြီး အဖတ်ဆယ်လို့ မရနိုင်လောက်တော့ဘူးလို့ ပြောပါတယ်။ အဲဒီ အမျိုးသမီးဟာ VOAရဲ့ ညွှန်ကြားရေးမှူး ရာထူးကို ဆက်ခံဖို့ ထရမ့်က အဆိုပြုတာ ခံထားရသူပါ။ လိတ်ခ်က USAGMဟာ ရှိရင်းစွဲ ဥပဒေတွေက ခွင့်ပြုနိုင်သမျှ အနိမ့်ဆုံး အဆင့်ထိ လျှော့ချပြီး ဆက်လက် လည်ပတ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

USAGMက ရန်ပုံငွေ ထောက်ပံ့ထားတဲ့ထဲမှာ ရုရှားနဲ့ ယူကရိန်းတို့ အပါအဝင် အရှေ့ဥရောပ နိုင်ငံတွေအတွက် သတင်းတွေ ဖော်ပြပေးနေတဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE)နဲ့ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားတို့လို နိုင်ငံတွေမှာ သတင်းတွေ ထုတ်လွှင့်ပေးနေတဲ့ RFAတို့လို သတင်းဌာနတွေ ရှိနေခဲ့တာပါ။ အာဏာရှင်တွေ ကြီးစိုးအုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ ဝါဒကို ဖြန့်ဝေပေးနိုင်ဖို့အတွက် အဲဒီ သတင်းဌာနတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါခဲ့ပေမယ့် အခုတော့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါပြီ။

ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီရဲ့ ဝါဒဖြန့်မှုတွေကို တန်ပြန်ဖို့ VOAကို စတင်ထူထောင်ခဲ့ပြီး လက်ရှိမှာတော့ အပတ်စဉ် လူသန်းပေါင်း ၃၆၀ လောက်စီ သတင်းအချက်အလက်တွေ ဖြန့်ဖြူးပေးပို့တဲ့ မီဒီယာ တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

USAGM တစ်ခုလုံး အနေနဲ့ စုစုပေါင်း ဝန်ထမ်း ၃၅၀၀ လောက်ကို ခန့်အပ်ထားပြီး ၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာ ဘတ်ဂျတ် ဒေါ်လာ ၈၈၆ သန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: News Agencies

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။