Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အား စစ်တပ်က မီးလောင်ဗုံးများဖြင့်တိုက်ခိုက်နေပြီး ဖယ်ခုံမြို့ပေါ်နေအိမ်များလည်း မီးရှို့နေ

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား စစ်ကောင်စီတပ်က မီးလောင်ဗုံးများဖြင့်ဆက်လက်တိုက်ခိုက်နေပြီး ဖယ်ခုံမြို့ပေါ် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသတွင်းစစ်ဘက် သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့အား စစ်ကောင်စီတပ်က မီးလောင်ဗုံးများဖြင့်တိုက်ခိုက်၍ နေအိမ်မီးလောင်နေသည်ကို တွေ့ရစဉ်

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား စစ်ကောင်စီတပ်က မီးလောင်ဗုံးများဖြင့်ဆက်လက်တိုက်ခိုက်နေပြီး ဖယ်ခုံမြို့ပေါ် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသတွင်းစစ်ဘက် သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

နှစ်ဖက်စစ်ဆိုင်ထားသော တိုက်ပွဲဧရိယာများမဟုတ်သော မိုးဗြဲမြို့တွင်းရှိ ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်က နေ့စဉ်ဒရုန်းများဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုမှာ မတ်လဆန်းကတည်းက ပြုလုပ် နေသည်ဟု ဆိုသည်။

” တစ်ရက်ကို ၂လုံး၊ ၃လုံး မီးလောင်နေတယ်။မြို့ထဲမှာပဲ။ဒရုန်းနဲ့ချတဲ့ မီးလောင်ဗုံး”ဟု မိုးဗြဲမြို့အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်းမှူး သိန်းထွန်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့(မတ်လ ၁၅ ရက်) ညပိုင်းတွင် ဖယ်ခုံမြို့တွင်းရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ည ၉ နာရီ၊ ၁၀နာရီလောက်မှာ ဖယ်ခုံမြို့ထဲမှာ မီးညွန့်မီးတန်းတွေ တက်ပြီးလောင်ကျွမ်းနေတာတွေ့ရတယ်။ဘယ်ရပ်ကွက်ဖြစ်မလဲဆိုတာတော့ ကျွန်တော်တို့ အတိအကျမသိနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

၂၀၁၄ နိုဝင်ဘာက ဖယ်ခုံမြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲပြီးနောက် မူလ ဒေသခံများ ပြန်လည်နေထိုင်ရန် ဖိအားပေးခဲ့ရာ ပြန် လာမနေသည့်နေအိမ်များအား မီးရှို့နေခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မတ်လ ၁၅ ရက်အထိ မိုးဗြဲမြို့တွင်းရှိ စစ်ရေးပစ်မှတ် မဟုတ်သော ပြည်သူများ​၏ နေအိမ် အဆောက်အဦးများရှိသော နေရာများအား လက်နက်ကြီး ၊ ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ် ၁၅လုံးထက်မနည်းပျက်ဆီးခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ပြည်သူများ၏ အိုးအိမ်များအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်ခြင်းဟု ဖော်ပြသည်။

၂၀၂၄ ဒီဇင်ဘာမှစ၍ ယနေ့(မတ်လ ၁၆ ရက်) အထိ စစ်ကောင်စီ၏ စစ်ကြောင်းများမှာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေပြီး နေ့စဥ်ထိတွေ့တိုက်ပွဲများ ရှိနေ၍ အရပ်သားပြည်သူများအနေဖြင့် မိုးဗြဲမြို့အနီးဝန်းကျင်တစ်လျှောက် သတိပြုသွားလာရန် KNDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်