Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မကြာခင် အမေရိကန်ကို ရှီကျင့်ဖျင် လာရောက် လည်ပတ်ဖွယ် ရှိတယ်လို့ ထရမ့်ပြော

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Getty Images

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး ပြိုင်ဘက်နှစ်နိုင်ငံကြား ကုန်သွယ်ရေး မူဝါဒဆိုင်ရာ တင်းမာမှုတွေ တောက်လျှောက် မြင့်တက်လာတဲ့ အခြေအနေမှာ ရှီရဲ့ အမေရိကန် ခရီးစဉ် ဖြစ်မြောက်နိုင်ခြေကို ထရမ့်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရက်အတိအကျကို မကြေညာပေမယ့် ရှီဟာ အရမ်း မကြာလှတဲ့ ကာလတစ်ခုမှာ အမေရိကန်ကို ရောက်လာနိုင်တယ်လို့ ဝါရှင်တန်မြို့က ကနေဒီ အနုပညာ စင်တာကို သွားရောက်စဉ် အတောအတွင်း ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အစောပိုင်းမှာ Wall Street ဂျာနယ်က အမေရိကန်နဲ့ တရုတ်တို့ဟာ ဇွန်လထဲမှာ ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ညှိနှိုင်းနေကြောင်း ဖော်ပြခဲ့ပါတယ်။ ထရမ့်ရော၊ ရှီပါ ဇွန်လမှာ မွေးဖွားသူတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ ထရမ့် အာဏာရလာတဲ့ အချိန်ကစလို့ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်နှုန်းထားတွေ တိုးမြှင့် စည်းကြပ်ခဲ့တဲ့နောက် အဲဒီနိုင်ငံတွေနဲ့ အမေရိကန်ကြားက ဆက်ဆံရေးမှာ ပြဿနာတွေ ရှိလာပါတယ်။ တရုတ်နဲ့ ကနေဒါတို့ဟာ ထရမ့်ကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် သွင်းကုန်တွေကို အခွန်တိုးမြှင့် ကောက်ခံဖို့ အစီအမံတွေကို ကြေညာထားပြီးပါပြီ။

ထရမ့်က အဲဒီလိုမျိုး အခွန်တိုးကောက်တဲ့ ရည်ရွယ်ချက်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေ ပြမှုကို လျှော့ချဖို့၊ ပြီးတော့ အဲဒီသုံးနိုင်ငံဆီကနေ အမေရိကန်ဆီကို ဖန်တနဲလ် မူးယစ်ဆေးဝါးတွေ မှောင်ခို ဝင်ရောက်နေတာကို ဒဏ်ခတ်ဖို့ အတွက်လို့ အကြောင်းပြထားပါတယ်။

ထရမ့်ရဲ့ အခွန်မြှင့်တင်မှုတွေဟာ ကုန်သွယ်ရေး စစ်ပွဲတစ်ခုဆီ ဦးတည်လာနိုင်ပြီး တရုတ်အတွက် ထိခိုက်မှု ကြီးမားနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရုတ် အစိုးရက လက်ရှိ အခြေအနေတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်ကို အဆိုပြုခဲ့ပါတယ်။

ရှီဟာ အမေရိကန်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး အဲဒီတုန်းက အမေရိကန် သမ္မတကတော့ ဂျိုးဘိုင်ဒန် ဖြစ်ပါတယ်။ ရှီနဲ့ ဘိုင်ဒန်တို့ဟာ စူပါပါဝါ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ရေး ကိစ္စအတွက် ကယ်လီဖိုးနီးယားမှာ မျက်နှာစုံညီ ဆွေးနွေးခဲ့ကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။