Connect with us

Hi, what are you looking for?

News

မန္တလေးတွင် စစ်ကောင်စီ၏သတင်းပေး ဒလန်တစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

အဆိုပါပစ်ခတ်မှုကြောင့် ဦးမျိုးနိုင်သည် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်က ဆို သည်။

People's Spring
People's Spring

မန္တလေးမြို့မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီ ၏သတင်းပေးဒလန်တစ်ဦးကို ၎င်း၏နေအိမ်၌ပင် သေနတ်ဖြင့်ပစ်ခတ်စီရင်လိုက်ကြောင်း ပြည်သူ့ကာ ကွယ်ရေးပျောက်ကြားတပ်ဖွဲ့ GZP(Mandalay)က ယနေ့(နိုဝင်ဘာ ၄) ထုတ်ပြန်သည်။

“မဟာအောင်မြေမြို့နယ်၊ အရာတော်ရပ်ကွက်တွင်နေထိုင်သူ စစ်ကောင်စီသတင်းပေးခြင်းနှင့် သံ/နောက် ၁၈ ရက်ကွက် ယာယီဥက္ကဋ္ဌရာထူးဖြင့် လှုပ်ရှားဆောင် ရွက်နေသော ဦးမျိုးနိုင်ဆိုသူ ဒလန်အား ကျွန်ုပ်တို့ GZP(Mandalay) ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့မှ ထိုသူ၏နေအိမ်မှာပဲ ၅ ချက်တိတိပစ်ခတ် ရှင်းလင်းခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးမျိုးနိုင်သည် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်က ဆို သည်။

GZP(Mandalay)သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင် စစ်ကောင်စီ၏ အနွယ်ဝင်များနှင့် ထောက်တိုင်မှန်သမျှကို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား လည်ပတ်စေရေးတွင် ပါဝင်ပတ် သက်ခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့၌ ယနေ့(နိုဝင်ဘာ ၄ ရက်)တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ကြပ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။