Connect with us

Hi, what are you looking for?

သတင်း

လောကပါလ ယက္ခမယ်တော်ကြီးမှာ စည်ကားနေပြီ

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကျင်းပနေချိန်မှာ ယက္ခမယ်တော်ကြီးဆီပွဲတွေနဲ့ အခုလိုစည်ကားနေတာကတောကတော့ ထုံးစံပါပဲ။

ရောင်နီ / People’s Spring

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကျင်းပနေချိန်မှာ ယက္ခမယ်တော်ကြီးဆီပွဲတွေနဲ့ အခုလိုစည်ကားနေတာကတောကတော့ ထုံးစံပါပဲ။

ရွှေတိဂုံ မြောက်ဘက်မုခ်က လောကပါလ ယက္ခမယ်တော်ကြီးရဲ့နန်းဟာ အပူများနေသူတွေအဖို့ စိတ်ဖြေရာဆိုလည်းမမှားပါဘူး။

မယ်တော်ကြီးဆီပွဲကပ်လိုက်ရင် အောင်မြင်တယ်၊ အထမြောက်တယ်၊ ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြသူတွေဟာ ငှက်ပျောသီး ၊ အုန်းသီးပွဲတွေကပ်ပြီး ဆုတောင်းကြတာပါ။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1031528425515573

တစ်ရက်ကိုအနည်းဆုံး ပွဲ ၇၀ ကနေ ၁၀၀ ကြားလာကပ်ကြပြီး အများဆုံးဆို တစ်ထောင်လောက်အထိရှိတယ်ပြောတယ်လို့ ရွှေတိဂုံရှိ သတင်းရင်းမြစ်ကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေ နိုင်ငံခြားထွက်ဖို့ အလုပ်စာမေးပွဲဖြေဖို့ စတဲ့ အကြောင်းအရာစုံနဲ့ ပွဲကပ်သူတွေ အရင်ကထက်တောင်ပိုများလာပါတယ်။

လာကပ်သူတွေ အသင့်ကပ်နိုင်အောင် ငှက်ပျော်နဲ့အုန်းကို အသင့်ပွဲပြင်ပေးထားတာတွေလည်းရှိပါတယ်။

ကုန်ကျစားရိတ်ကလည်းအသင့်အတင့်ရှိပါတယ်။ငှက်ပျောငါးဖီးနဲ့ပွဲက တစ်သောင်းကျော်လောက်ရှိကာ သုံးဖီးနဲ့ဆိုရင် ၇၀၀၀ ၊ ၈၀၀၀ လောက်ရှိတာပါ။

မယ်တော်ကြီးနန်းမှာ ဆုတောင်းစကားတွေ‌ဆိုပြီး ပွဲကပ်ပေးတဲ့သူတွေလည်း ရှိပါတယ်။ ပွဲကပ်ချင်သူရဲ့ နေ့နံ ၊ တောင်းလိုတဲ့ဆုတွေကို ပြောပြရင်သူတို့က အာပေါင်အာရင်းသန်သန်နဲ့ဆုတောင်းပေးကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

အခါကြီးရက်ကြီးတွေဆိုရင်လည်း လောကပါလမယ်တော်ကြီးရဲ့ နန်းက ဆုတောင်းသံတွေ နဲ့ လူတွေတိုးမပေါက်အောင်စည်ကားလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ