Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရဲ့ ပြည်ပတင်ပို့မှု ဆန်စျေးနှုူန်း ၂ နှစ်အတွင်း အနိမ့်ဆုံးထိုးကျ

ထိုင်းရဲ့ ပြည်ပတင်ပို့တဲ့ ဆန်စျေးဟာ ၂ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ထိ ကျဆင်းလာတာကြောင့် ထိုင်းဆန်ကုန်သည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

ထိုင်းရဲ့ ပြည်ပတင်ပို့တဲ့ ဆန်စျေးဟာ ၂ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ထိ ကျဆင်းလာတာကြောင့် ထိုင်းဆန်ကုန်သည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

အခုသီတင်းပတ်မှာ ထိုင်းရဲ့ ဆန်ကွဲစျေးဟာ တစ်တန်ကို ၄၀၅ ဒေါ်လာထိ ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံး ဖြစ်လာပါတယ်။ စျေးကွက် ဝယ်လိုအား လျော့ကျနေမှုက ထိုင်းဆန်စျေးနှုန်းတွေကို ကျဆင်းစေပြီး ဒီအခြေအနေဟာ နောက်ထပ် နှစ်လ သုံးလလောက် အပြောင်းအလဲ မရှိနိုင်သေးဘူးလို့ ဆန်ကုန်သည် တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဗီယက်နမ်နဲ့ အိန္ဒိယတို့က တင်ပို့တဲ့ ဆန်တွေဟာ ပို့ကုန်စျေးကွက်မှာ စျေးနှုန်းငြိမ်ငြိမ်သက်သက်နဲ့ ဆက်ရှိနေကြောင်း၊ ဖောက်သည်တွေဟာ လိုအပ်သလောက်ပဲ ဆန်တွေကို မှာယူပြီး ပိုမစုကြတော့တဲ့ အခါမှာ စျေးကွက်ထဲမှာ ပိုလျှံတာတွေ ဖြစ်နေကြောင်း သူက ဆိုပါတယ်။

အိန္ဒိယရဲ့ ပို့ကုန်ဆန်ကွဲတွေ စျေးနှုန်းဟာ တစ်တန်ကို ၄၀၃ ကနေ ၄၁၀ ဒေါ်လာကြားမှာ ရှိနေပြီး ပြီးခဲ့တဲ့ အပတ်ကနဲ့ အပြောင်းအလဲ မရှိပါဘူး။

Public Service Announcement

Public Service Announcement

ပါကစ္စတန်နဲ့ ဗီယက်နမ်တို့က ဆန်ဖြူအသန့်တွေကို အရေအတွက် အလုံးအရင်း တင်ပို့ရောင်းချမှုဟာ ဆန်ကွဲစျေးကွက်ကိုပါ သက်ရောက် ထိခိုက်မှုတွေ ရှိလာစေတယ်လို့ အိန္ဒိယ ဆန်ကုန်သည် တစ်ဦးကလည်း ထောက်ပြခဲ့ပါတယ်။

ဗီယက်နမ်ဟာ ဆန်ကွဲ တစ်တန်ကို ၃၉၄ ဒေါ်လာ စျေးနှုန်းနဲ့ စျေးကွက်ထဲ တင်ပို့နေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၂ ဒေါ်လာ စျေးတိုးလာတာလို့ ဗီယက်နမ် စားသောက်ကုန် အဖွဲ့ (VFA)က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ဆန်တင်သွင်းမှုနဲ့ အပိုဆောင်း သိုမှီးမှုကို မြှင့်တင်ဖို့ ကြိုးစားနေတဲ့တိုင် ဆန်စျေးတွေက ဆက်လက် မြင့်တက်နေဆဲပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်တို့ကနေ ဆန်တွေ တင်သွင်းနေသလို နိုင်ငံတကာ တင်ဒါတွေကိုလည်း ခေါ်ယူနေပါတယ်။ ဒါပေမဲ့ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေကတော့ ဆန်စျေးတွေ ပြန်ထိုးကျလာနိုင်ခြေကို စိတ်ပူပြီး ဆန်တင်သွင်းမှု လုပ်ငန်းတွေကနေ လက်ရှောင်နေကြဆဲလို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။