Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အငြင်းပွားစရာ မြေပုံကြောင့် မလေးရှားနဲ့ ဗီယက်နမ်မှာ ဝေဖန်ခံနေရတဲ့ တရုတ် နို့လက်ဖက်ရည် လုပ်ငန်း

နယ်မြေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြေပုံကို appထဲမှာ ထည့်သွင်းမိခဲ့တဲ့နောက် တရုတ်ရဲ့ နို့လက်ဖက်ရည် လုပ်ငန်းစုကြီး Chageeဟာ မလေးရှားနဲ့ ဗီယက်နမ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြုံတွေ့နေပါတယ်။

နယ်မြေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြေပုံကို appထဲမှာ ထည့်သွင်းမိခဲ့တဲ့နောက် တရုတ်ရဲ့ နို့လက်ဖက်ရည် လုပ်ငန်းစုကြီး Chageeဟာ မလေးရှားနဲ့ ဗီယက်နမ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြုံတွေ့နေပါတယ်။

Chageeဟာ ဗီယက်နမ်အတွက် ထုတ်ဝေတဲ့ appထဲက မြေပုံမှာ nine-dash lineလို့ခေါ်တဲ့ နယ်နိမိတ် သတ်မှတ်မျဉ်းကို ထည့်သွင်းထားခဲ့ရာက ပြဿနာတွေ စခဲ့တာပါ။ အဲဒီနယ်နိမိတ် မျဉ်းဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အားလုံးနီးပါးကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ဖို့ တရုတ်အစိုးရက တစ်ဖက်သတ် ရေးဆွဲထားတာ ဖြစ်ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် ကိစ္စနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းစတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

အငြင်းပွားစရာ မြေပုံကို appမှာ သုံးစွဲမိတဲ့နောက် Chageeရဲ့ ဗီယက်နမ် နိုင်ငံအတွက် ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာမှာ ဒေါသတကြီး ဝေဖန်ရေးသားထားတဲ့ မှတ်ချက်တွေ၊ လှောင်ပြောင်မှုတွေကို တွေ့လာရပါတယ်။ ဒီလိုမြေပုံမျိုးကို ထည့်သုံးခဲ့တဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကိုလည်း အပြင်းအထန် ဝေဖန်နေကြပါတယ်။

Public Service Announcement

Public Service Announcement

Chagee ဆိုင်ခွဲပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားရာ မလေးရှားမှာလည်း ဗီယက်နမ်နည်းတူ ခါးသီးတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပြီး ကုမ္ပဏီကို သပိတ်မှောက်ကြဖို့ လူမှုကွန်ရက်ပေါ် ဆော်ဩမှုတွေ ရှိနေပါတယ်။ Nine-dash lineအရ မလေးရှား ရေပိုင်နက်ကိုပါ တရုတ်က ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်တဲ့သဘော ဖြစ်နေတာကြောင့်ပါ။

Chageeဟာ ဗီယက်နမ်ရဲ့ ပထမဆုံး ဆိုင်ကို ဟိုချီမင်း စီးတီးမှာ ဖွင့်လှစ်ဖို့ စီစဉ်နေပြီး appကို download ဆွဲတဲ့သူတွေကို အခမဲ့ ဝန်ဆောင်မှုတွေ ပေးအပ်မယ့် ကမ်းလှမ်းချက်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ appထဲမှာ အငြင်းပွားစရာ မြေပုံ ပါနေတာကြောင့် ဗီယက်နမ် စျေးကွက်ထဲ ဝင်ဝင်ချင်း မျက်နှာပျက်စရာ ဖြစ်ခဲ့သလို ဆိုင်အသစ် ဖွင့်လှစ်မယ့် ကိစ္စကိုလည်း ရွှေ့ဆိုင်းထားရဖို့ ရှိနေပါတယ်။

ပွဲဆူနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး Chageeက ဘာမှတ်ချက်ပေး ဖြေရှင်းမှုမှ မရှိသေးသလို တရားဝင် တောင်းပန်တာမျိုးလည်း မလုပ်သေးပါဘူး။ ဗီယက်နမ်နဲ့ မလေးရှားမှာတော့ Chageeရဲ့ လုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့တဲ့ အဓိပ္ပါယ် ဖြစ်နေပြီး စျေးကွက်ထဲက ပြန်ထွက်သွားဖို့ တောင်းဆိုတာတွေပါ ရှိနေပါတယ်။

Chageeကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာ ပထမဆုံး စတင်ထူထောင်ခဲ့ပြီး အခုတော့ အာရှတိုက်ရဲ့ နိုင်ငံတချို့ဆီ စျေးကွက် ဖြန့်ကျက်လာနိုင်ပြီ ဖြစ်ပါတယ်။ စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားတို့မှာ Chageeရဲ့ ဆိုင်ခွဲတွေ အများအပြား ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

သတင်း

မလေးရှားအစိုးရရဲ့စီမံချက်တွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ တစ်ရက် အနည်းဆုံး ၅၀ကျော် ဖမ်းဆီးခံနေရပြီး မလေးရှားအာဏာပိုင်တွေကပြီးခဲ့တဲ့ ၃ လအတွင်းမြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။