Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အငြင်းပွားစရာ မြေပုံကြောင့် မလေးရှားနဲ့ ဗီယက်နမ်မှာ ဝေဖန်ခံနေရတဲ့ တရုတ် နို့လက်ဖက်ရည် လုပ်ငန်း

နယ်မြေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြေပုံကို appထဲမှာ ထည့်သွင်းမိခဲ့တဲ့နောက် တရုတ်ရဲ့ နို့လက်ဖက်ရည် လုပ်ငန်းစုကြီး Chageeဟာ မလေးရှားနဲ့ ဗီယက်နမ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြုံတွေ့နေပါတယ်။

နယ်မြေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြေပုံကို appထဲမှာ ထည့်သွင်းမိခဲ့တဲ့နောက် တရုတ်ရဲ့ နို့လက်ဖက်ရည် လုပ်ငန်းစုကြီး Chageeဟာ မလေးရှားနဲ့ ဗီယက်နမ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြုံတွေ့နေပါတယ်။

Chageeဟာ ဗီယက်နမ်အတွက် ထုတ်ဝေတဲ့ appထဲက မြေပုံမှာ nine-dash lineလို့ခေါ်တဲ့ နယ်နိမိတ် သတ်မှတ်မျဉ်းကို ထည့်သွင်းထားခဲ့ရာက ပြဿနာတွေ စခဲ့တာပါ။ အဲဒီနယ်နိမိတ် မျဉ်းဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အားလုံးနီးပါးကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ဖို့ တရုတ်အစိုးရက တစ်ဖက်သတ် ရေးဆွဲထားတာ ဖြစ်ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် ကိစ္စနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းစတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

အငြင်းပွားစရာ မြေပုံကို appမှာ သုံးစွဲမိတဲ့နောက် Chageeရဲ့ ဗီယက်နမ် နိုင်ငံအတွက် ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာမှာ ဒေါသတကြီး ဝေဖန်ရေးသားထားတဲ့ မှတ်ချက်တွေ၊ လှောင်ပြောင်မှုတွေကို တွေ့လာရပါတယ်။ ဒီလိုမြေပုံမျိုးကို ထည့်သုံးခဲ့တဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကိုလည်း အပြင်းအထန် ဝေဖန်နေကြပါတယ်။

Public Service Announcement

Public Service Announcement

Chagee ဆိုင်ခွဲပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားရာ မလေးရှားမှာလည်း ဗီယက်နမ်နည်းတူ ခါးသီးတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပြီး ကုမ္ပဏီကို သပိတ်မှောက်ကြဖို့ လူမှုကွန်ရက်ပေါ် ဆော်ဩမှုတွေ ရှိနေပါတယ်။ Nine-dash lineအရ မလေးရှား ရေပိုင်နက်ကိုပါ တရုတ်က ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်တဲ့သဘော ဖြစ်နေတာကြောင့်ပါ။

Chageeဟာ ဗီယက်နမ်ရဲ့ ပထမဆုံး ဆိုင်ကို ဟိုချီမင်း စီးတီးမှာ ဖွင့်လှစ်ဖို့ စီစဉ်နေပြီး appကို download ဆွဲတဲ့သူတွေကို အခမဲ့ ဝန်ဆောင်မှုတွေ ပေးအပ်မယ့် ကမ်းလှမ်းချက်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ appထဲမှာ အငြင်းပွားစရာ မြေပုံ ပါနေတာကြောင့် ဗီယက်နမ် စျေးကွက်ထဲ ဝင်ဝင်ချင်း မျက်နှာပျက်စရာ ဖြစ်ခဲ့သလို ဆိုင်အသစ် ဖွင့်လှစ်မယ့် ကိစ္စကိုလည်း ရွှေ့ဆိုင်းထားရဖို့ ရှိနေပါတယ်။

ပွဲဆူနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး Chageeက ဘာမှတ်ချက်ပေး ဖြေရှင်းမှုမှ မရှိသေးသလို တရားဝင် တောင်းပန်တာမျိုးလည်း မလုပ်သေးပါဘူး။ ဗီယက်နမ်နဲ့ မလေးရှားမှာတော့ Chageeရဲ့ လုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့တဲ့ အဓိပ္ပါယ် ဖြစ်နေပြီး စျေးကွက်ထဲက ပြန်ထွက်သွားဖို့ တောင်းဆိုတာတွေပါ ရှိနေပါတယ်။

Chageeကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာ ပထမဆုံး စတင်ထူထောင်ခဲ့ပြီး အခုတော့ အာရှတိုက်ရဲ့ နိုင်ငံတချို့ဆီ စျေးကွက် ဖြန့်ကျက်လာနိုင်ပြီ ဖြစ်ပါတယ်။ စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားတို့မှာ Chageeရဲ့ ဆိုင်ခွဲတွေ အများအပြား ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။