Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီ ဘောလုံးပရိသတ်တွေအတွက် အမှတ်မထင် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဘောကောက်လူငယ်လေး

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ ဂျာမနီ ပရိသတ်တွေက သူရဲကောင်း တစ်ယောက်လို အထူးတလည် ချီးကျူးတာ ခံရသူဟာ လက်ရွေးစင် ကစားသမားတွေ မဟုတ်ဘဲ အကင်းပါးလှတဲ့ ဆယ်ကျော်သက် ဘောကောက် လူငယ်လေးတစ်ဦး ဖြစ်လာပါတော့တယ်။

ပထမအကျော့မှာ အီတလီကို ၂-၁ နဲ့ အနိုင်ရထားတာကြောင့် ဂျာမနီဟာ နှစ်ကျော့ပေါင်း ၅ ဂိုး – ၄ ဂိုးနဲ့ အီတလီကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ မတ်လ ၂၃ ရက်နေ့က ဂျာမနီနိုင်ငံ၊ ဒေါ့မန်မြို့မှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေ အမှတ်ရရ အရှိဆုံး အခိုက်အတန့် တစ်ခုဟာ ပွဲချိန် ၃၆ မိနစ်မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂိုးစည်းအပြင်ဖက်ကို ဘောလုံးထွက်သွားတဲ့အတွက် အီတလီအသင်းဟာ ထောင့်ကန်ဘော ကန်ခွင့် ပြုခဲ့ရပါတယ်။

အီတလီ ဂိုးသမား ဂီယန်လူဂီ ဒွန်နာရာမာက အသင်းဖော်တွေကို နေရာယူဖို့ လှမ်းပြောပြီး ညွှန်ကြားနေတဲ့ အချိန်မှာပဲ အသက် ၁၅ နှစ်အရွယ် ဘောကောက်လူငယ်လေး နိုဝယ်လ် အာဘန်နီရက်ခ်ဟာ ဂျာမန် ကွင်းလယ်လူ ဂျိုရှူအာကင်းမစ်ချ် ထောင့်ကန်ဘော ကန်နိုင်အောင် ဘောလုံးကို ခပ်မြန်မြန် လှမ်းပေးခဲ့ပါတယ်။ အီတလီ ကစားသမားတွေ သတိလက်လွတ် ဖြစ်နေတဲ့ စက္ကန့်ပိုင်းလေးမှာ အဲဒီဘောလုံးကို ကင်းမစ်ချ်က ကန်တင်ပေးလိုက်ပြီး အီတလီ ဂိုးပေါက်ရှေ့မှာ တစ်ယောက်တည်း ထီးတည်းကြီး ဖြစ်နေတဲ့ တိုက်စစ်သမား ဂျာမဲလ် မူဆီရာလာဆီ တန်းတန်းမတ်မတ် ရောက်သွားပါတယ်။ မူဆီရာလာက အကာအကွယ်မဲ့ ဂိုးပေါက်ထဲ ဘောလုံးကို ကန်သွင်းပြီး ဂျာမနီကို နှစ်ဂိုးအသာနဲ့ ဦးဆောင်ခွင့် ရစေခဲ့ပါတယ်။

ပွဲပြီးသွားတဲ့အခါ မီဒီယာတွေက အာဘန်နီရက်ခ်ရဲ့ ဖြတ်ထိုးဉာဏ်ကောင်းပြီး အကွက်မြင်မှုကြောင့် ဂျာမနီအသင်း ရခဲ့တဲ့ သွင်းဂိုးအကြောင်း တခုပ်တရ ချီးကျူး ရေးသားနေခဲ့ပါတယ်။ နောက်ပြီး ကင်းမစ်ချ်ကလည်း သူလက်မှတ်ထိုးထားတဲ့ ဘောလုံးတစ်လုံးကို ကောင်လေးဆီ လက်ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဘန်နီရက်ခ် ကိုယ်တိုင်ကတော့ ဂျာမနီရဲ့ ပွဲစဉ်တစ်ခုမှာ ပထမဆုံးအကြိမ် ဘောကောက်အဖြစ် တာဝန်ယူရချိန်မှာ အသင်းကို မမျှော်လင့်ဘဲ အကူအညီ ဖြစ်စေခဲ့လို့ အရမ်းပျော်တယ်လို့ ဆိုပါတယ်။

ထောင့်ကန်ဘောကန်ဖို့ လာနေတဲ့ ကင်းမစ်ချ်နဲ့ သူနဲ့ မျက်လုံးချင်း ခဏလေး ဆုံလိုက်ချိန်မှာတင် ကင်းမစ်ချ်က ဘောလုံးကို မြန်မြန် လိုချင်နေတယ် ဆိုတာကို ခံစားမိလိုက်ကြောင်း၊ ဒါကြောင့် ဘောလုံးကို အမြန်ဆုံး ပစ်ပေးလိုက်တာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

အီတလီကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့နောက် ဂျာမနီဟာ အကြိုဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာပါ။ တခြားတစ်ဖက်မှာတော့ ပြင်သစ်နဲ့ စပိန်တို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ကိုးကား: ESPN

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။