Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးကိုယ်စားလှယ်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မနေ့က(မတ်လ ၂၅ရက်) နယူးဒေလီမြို့မှာ လက်ခံတွေ့ဆုံခဲ့ပြီး ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့နိုင်ငံအခြေအနေ အလေးထားဆွေးနွေးခဲ့ကြပါတယ်။

People’s Spring

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မနေ့က(မတ်လ ၂၅ရက်) နယူးဒေလီမြို့မှာ လက်ခံတွေ့ဆုံခဲ့ပြီး ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့နိုင်ငံအခြေအနေ အလေးထားဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ လက်ရှိမှာ အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီးစဥ် ရောက်ရှိနေတာပါ။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ဒီညနေခင်းက ဒေလီမှာ တွေ့ဆုံရတာ ဝမ်းသာစရာပါ” လို့ ဂျေးရှန်ကာက X စာမျက်နှာမှာ မတ်လ ၂၅ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလအထူးကိုယ်စားလှယ်တို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဒုက္ခသည်များအခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနဲ့ စီးပွားရေးအထောက်အပံ့ပေးရေး စတဲ့ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆိုင်ရာအခြေအနေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အသိပေးပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစလို့ ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုဆန္ဒပြမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် နိုင်ငံတဝန်းကျယ်ပြန့်လာခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက်တွေမှာ အရေးပါတဲ့ ကုန်သွယ်ရေးစခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မြန်မာဟာ အိန္ဒိယရဲ့မဟာဗျူဟာမြောက် အိမ်နီးချင်းတွေထဲတစ်နိုင်ငံဖြစ်ပြီး စစ်ရေးထိတွေ့မှုရှိတဲ့ နာဂလန်းနဲ့ မဏိပူရ်အပါအဝင် အရှေ့မြောက်ပိုင်းပြည်နယ်တွေနဲ့ ကီလိုမီတာ ၁,၆၄၀(၁,၀၁၉ မိုင်ခန့်)နယ်မြေချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသများ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကြောင့် အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာ နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းရိုးခတ်မယ့်အစီစဥ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီက ကြေညာခဲ့ပါတယ်။

ကိုးကား – The Telegraph Online

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက်၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခုရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော

သတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ကူညီရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက ရေးသားဖော်ပြသည်။