Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာ နှင့် ကွင်းကောက်မြို့ကြား တိုက်ပွဲပြင်းထန်၊ AA နှင့် ပူးပေါင်းတပ် ပုသိမ်-မုံရွာလမ်းပေါ်ရောက်လာ

မတ်-၂၇၊၂၀၂၅။ဧရာ/People’s Spring

ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် နှင့် ကွင်းကောက်မြို့ကြား ပုသိမ်-မုံရွာလမ်းဘေးရွာများတွင် တိုက်ပွဲအလွန်ပြင်းထန်နေပြီး တိုက်ပွဲသည် မြို့ဘက်သို့ အလျင်အမြန်ရောက်ရှိလာကြောင်း ဒေသခံများကပြောသည်။

လေးမျက်နှာမြို့နယ်အတွင်း မတ်လ ၁၆ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့ပြီးမတ်လ၂၆ ရက်တွင်ပုသိမ်-မုံရွာလမ်းအတိုင်းအာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များတက်လာပြီး တိုက်ပွဲပြင်းထန်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

” AAနဲ့ PDF တွေအများကြီးပဲရောက်လာတာ။စစ်တပ်ကလေကြောင်းကနေပစ်တယ်။ တိုက်ပွဲ ရောက်လာတာတော်တော်လေးကိုမြန်တယ်။ ဒီည ကွင်းကောက်စိတ်မချရဘူး။ ကြိုရှောင်နိုင်ဖို့လိုအပ်နေတယ်”ဟု ကွင်းကောက်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကွင်းကောက်မြို့ နှင့် ၄ မိုင်ခန့်အကွာရှိ ပုသိမ်-မုံရွာလမ်းဘေးမှပိန္ဒဲကွင်းရွာမှ ​စေတနာပန်းခင်းဆရာတော်က “ရောက်လာတာက အရမ်းမြန်လွန်းပါတယ် ။ကွင်းကောက်ဘက်က ပြည်သူတွေ စစ်ရှောင်မယ်ဆိုရင် ခြောက်ရွာ – တလုတ်ထော်လမ်းကို အသုံးပြုပါ။ပိန္နဲကွင်း – ပန်းတောကြီးလမ်းကို လုံးဝ မသွားကြပါနဲ့။ပုသိမ် – မုံရွာ လမ်းမကြီးပေါ်တက်လာကြပါပြီ” ဟု ရေးသားမျှ​ဝေထားသည်။

“ပိန္နဲကွင်းသားတွေ ပြေးပါ။ကွင်းကောက် သတိထားပါ။ကြက်ပေါင်ကုန်း ၊သံပုရာကုန်း၊စာစီကုန်း၊ တောင်ဇင်းစတဲ့ရွာတွေ စစ်ပွဲအတွင်းမှာပါ။ပိန္နဲကွင်း၊ခြင်ကိုက်ကွင်း -စတဲ့ရွာတွေလည်း စစ်ပွဲတွင်းရောက်ပါပြီ” ဟုလည်းဆက်လက် သတိပေးထားသည်။

တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန်အခက်အခဲများကြုံတွေ့နေကြောင်းသတင်းရရှိသည်။

“ကွင်းကောက်မှာ ရဟတ်ယာဉ်တွေပျံနေတယ်။ ပစ်ခတ်နေသံတွေလည်းကြားတယ်။ အဓိကက အန္တရာယ်ကင်းအောင် အချိန်မီတိမ်းရှောင်ကြဖို့လိုတယ်။ အရပ်သားတွေဘေးကင်းအောင် လမ်းတွေဖွင့်ပေးထားစေချင်တယ်” ဟု ကွင်းကောက်မြို့ခံတစ်ဦးကပြောသည်။

ကွင်းကောက်မြို့တွင် စစ်ကောင်စီ၏အမှတ် (၅) လေ့ကျင့်ရေး သင်တန်းကျောင်း ရှိသည်။ စစ်ကောင်စီက ကွင်းကောက်-အင်္ဂပူ-ဟင်္သာတလမ်းကို ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

လေးမျက်နှာမြို့နယ်ရေဘေးကို ကူညီကယ်ဆယ်ရေးလာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး ၈ ဦး ထိခိုက်မှုရှိခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်