Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာရေဘေးထမင်းထုပ်လိုက်ဝေတဲ့ လူငယ်တဦးရေစီးနဲ့မျောပါသေဆုံး

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

(​ရေနစ်​သေဆုံးခဲ့တဲ့ လူငယ်ကို လူမှုကူညီ​ရေးအသင်းက ဆယ်ယူလာပြီး​နောက်​တွေ့ရစဥ်)

သြဂုတ်-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

လေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာမှာဩဂုတ်လ ၅ရက် မနက် ၉နာရီခန့်က ဖြစ်ပွားခဲ့တာပါ။

“ရေထဲလမ်းလျှောက်ပြီးအိမ်တွေကိုဝေတာ။ ရေက အရမ်းစီးလာပြီး ပါသွားတာပါ။ လိုက်ရှာတော့ အလောင်းပြန်ရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။သူ့ရဲ့ ရုပ်အလောင်းကို မနက် (၁၁) နာရီဝန်းကျင်မှာ လူမှုရေးအဖွဲ ‌ပြန်လည်ဆယ်ယူခဲ့တာပါ။

လေးမျက်နှာမြို့ကိုကာရံထားတဲ့ ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ရက်နေ့မှာကျိုးကျခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေရောရွာတွေပါ ဆိုးရွားတဲ့ရေဘေးကို ဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ဩဂုတ်လ ၃ရက်ကလည်း အသက် ၆၀ကျော် ဒေသခံတဦး ရေနစ်သေဆုံးခဲ့ပါတယ်။

လက်ရှိမှာရေကြီးနစ်မြုပ်တဲ့ဧရိယာပိုမိုကျယ်ပြန့်လာပြီး လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေမှာပါ ရေဝင်နေပါတယ်။

ရေစီးကြမ်းနေတဲ့အတွက် ရပ်ဝေးဒေသကလာတဲ့အရပ်ဖက်ကူညီရေးအဖွဲ့ဝင်တွေအနေနဲ့ သတိပြုသွားလာကြဖို့ ဒေသခံပရဟိတအဖွဲ့တွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။