Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ပြည်သူများကူညီရန် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ကျပ်သိန်း ၁၈၀၀ မတည်ကာ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်

ပြည်သူများ မင်းစိုးမင်းညစ်ဘေးမှ ကင်းဝေးပါစေဟု ဖော်ပြ

ငလျင်ကြောင့် မန္တလေးမြို့ရှိ အဆောက်အဦးတစ်ခု ပြိုကျသည်တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

မတ်-၃၀၊၂၀၂၅။ဟန်နွေ/People’s Spring

ငလျင်ဘေးသင့် ပြည်သူများကူညီရန် ရှမ်းလက်နက်ကိုင်တပ်၊ ရှမ်းနိုင်ငံရေးပါတီနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)က ကျပ်သိန်း ၁၈၀၀ မတည်လိုက်ကြောင်း ကြေညာခဲ့ပြီး ငလျင်ဘေးသင့် ပြည်သူများကို ကူညီရာတွင် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။

မတ်လ ၂၈ ရက်တွင် နိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပြည်သူတို၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လူနေမှုဘဝတို မြောက်မြားစွာ ပျက်စီးဆုံးရှုးခဲ့ရသည့်အပေါ် SSJACက ဝမ်းနည်းကြောင်း ထုတ်ပြန်ကာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတိုအား ကူညီဆောင်ရွက်နိုင်ရေး ကြိုပမ်းနေကြသည်ကို သိရှိရ၍ များစွာကျေးဇူးတင်ကြောင်း အသိပေးသည်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီသည် ယခင်က ပြည်သူအများ ကြုံတွေ့ခဲ့ရသည့် ကိုဗစ် ကပ်ရောဂါဘေး၊ ရေဘေး၊ စစ်ဘေးရှောင်ခြင်း တိုတွင် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ခဲ့ကြောင်း၊ ယခု နိုင်ငံအတွင်း ထိခိုက်ခံစားနေရသည့် ငလျင်ဘေးတွင်လည်း လက်လှမ်းမီသော နယ်မြေဒေသအတွင်းရှိ ပြည်သူတိုအား ကူညီထောက်ပံ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကူညီနိုင်ရန် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲဝင်အဖွဲအစည်းများမှ ကနဦး မတည်ငွေ ကျပ်သိန်းပေါင်း (၁၈၀၀)ထည့်ဝင်၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီနိုင်ရေး စတင်ဆောင်ရွက်နေရာ ကော်မတီနှင့်အတူ အလှူငွေ အပါအဝင် အခြားကူညီ ထောက်ပံ့မှုများ ပူးပေါင်းပါဝင်ပေးအပ်ကူညီလှူဒါန်းရန် ရှိပါက ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေ ဒေသစသည့် အကန့်အသတ် ဘောင်တိုကို ကျော်လွန်ကာ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်တွင်းပြည်ပအဖွဲအစည်း အသီးသီးတိုအား တိုက်တွန်းကြောင်းလည်း SSJACက ထုတ်ပြန်သည်။

ငလျင်ဘေးကြုံရချိန် နှင့် ငလျင်ပြီးနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်လုပ်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခင်းအကျင်းနှင့်ပတ်သက်၍ SSJAC ပြောရေးဆိုခွင့်ရှိသူနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် ဦးစိုင်းလိတ်အားမေးမြန်းရာ လူသားအခြေခံစိတ်ဓာတ်ဖြင့် ရည်ညွှန်းခြင်းဖြစ်ကြောင်း ပြောပြသည်။

” အကန့်အသတ် ဘောင်တွေကျော်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာ လူသားအခြေခံ စိတ်ဓာတ်နဲ့ ကိုယ်စီဆောင်ရွက်ဖို့ ရည်ညွှန်းတာပါ။ တကမ္ဘာလုံးက ဂရုဏာထားပြီး စာနာကူညီနေတာတောင် စစ်ရေး အနိုင်ရဖို့ အာဏာရဖို့လောက် အာရုံထားနေရင်တော့ သူ့သမိုင်းသူရေးတာပဲပေါ့”ဟုလည်း ဦးစိုင်းလိတ်က ပြောသည်။

SSJAC၏ ထုတ်ပြန်ချက်တွင် မြန်မာပြည်သူအပေါင်း ဘဘာဝဘေး၊ လူလုပ်ဘေး၊ မင်းစိုးမင်းညစ်ဘေးများမှ ကင်းဝေးပါစေဟုလည်း ဆုတောင်းပေးထားသည်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် ပြည်တွင်းပြည်ပ အဖွဲအစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ