Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးတွေ ထိခိုက်ပျက်စီး

ရွေးကောက်ပွဲကျင်းပမယ့် ကာလကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ထုတ်ပြောလိုက်ပြီး လေးရက်အကြာမှာ ငလျင်လှုပ်ကာ နေပြည်တော်မှာရှိတဲ့လွှတ်တော်အဆောက်အဦးတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားပါတယ်။

ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

ဧပြီ -၁ ၊ ၂၀၂၅/People’s Spring

ရွေးကောက်ပွဲကျင်းပမယ့် ကာလကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ထုတ်ပြောလိုက်ပြီး လေးရက်အကြာမှာ ငလျင်လှုပ်ကာ နေပြည်တော်မှာရှိတဲ့လွှတ်တော်အဆောက်အဦးတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲကို အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ် နဲ့ စတုတ္တပတ် ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာကျင်းပဖို့ လျာထားတယ်လို့ မတ်လ ၂၅ ရက်က စစ်ကောင်စီအစည်းအဝေးမှာထုတ်ပြောခဲ့တာပါ။

အဲဒီနောက် မတ်လ ၂၈ ရက် မွန်းလွဲပိုင်း မှာ ငလျင်လှုပ်ပြီး မန္တလေး ၊စစ်ကိုင်း ၊ နေပြည်တော် ၊ ပဲခူး နဲ့ ရှမ်းပြည်နယ်က ဒေသအချို့ မှာ ပျက်စီး ဆုံးရှုံးမှု ကြီးမားခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားက ဒီနေ့ (ဧပြီ ၁) ထုတ်ပြန်လာတဲ့ သတင်းအရ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်အဆောက်အဦးတွေ ထိခိုက်ပျက်စီးကုန်တာတွေ့ရပါတယ်။

ငလျင်ကြောင့် ပျက်စီးထိခိုက်သွားတဲ့ လွှတ်တော်အဆောက်အဦးတွေကို စစ်ကောင်စီခေါင်းဆောင်သွားရောက်ကြည့်ရှုစစ်ဆေးပြီးပြန်လည်ပြုပြင်ဖို့ ညွှန်ကြားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ တပ်စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်ဟာလည်း ငလျင်ဒဏ်ကို ခံရတဲ့ ဒေသဖြစ်ပြီး ဆေးရုံတွေ၊ ဝန်ထမ်းအိမ်ရာတွေ ၊ စျေးတွေ ၊ လမ်းတံတား တွေ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးပြီး လူအသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

နေပြည်တော်မှာ ငလျင်လှုပ်ပြီး လျှပ်စစ်မီးပြတ်တာ ၊ရေပြတ်တာ ၊လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာတွေ ဖြစ်နေပါတယ်။

စစ်ရုံးချုပ်ဝန်းထဲမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေပြီး သတင်းမထွက်အောင်စစ်ကောင်စီက ဖုံးဖိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။