Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ်တိုင် ထုတ်ပယ်ခဲ့တဲ့ အရာရှိဟောင်းကို ထရမ့် ဖုန်းမှားခေါ်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူကိုယ်တိုင် ထုတ်ပယ်ထားခဲ့တဲ့ အကြံပေး အရာရှိဟောင်းကို ဖုန်းမှားခေါ်ခဲ့မိတဲ့အပြင် ကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူကိုယ်တိုင် ထုတ်ပယ်ထားခဲ့တဲ့ အကြံပေး အရာရှိဟောင်းကို ဖုန်းမှားခေါ်ခဲ့မိတဲ့အပြင် ကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ တာဝန်ယူခဲ့ဖူးသူ ဟားဘတ်ရေမွန် မက်မာစတာကို မှားယွင်းပြီး ဖုန်းခေါ်မိခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၃ ရက်နေ့တုန်းက ထရမ့်က အမှန်တကယ် ဖုန်းခေါ်ခဲ့တာဟာ တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး ဟင်နရီ မက်မာစတာဆီကို ဖြစ်တယ်လို့ CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖုန်းဆက်ပြီးတဲ့နောက် ထရမ့်က ဟင်နရီလို့ ခေါ်ခဲ့ပေမယ့် တစ်ဖက်က ပုဂ္ဂိုလ်က သူဟာ ၂၀၁၈ တုန်းက ထရမ့်ကိုယ်တိုင် ရာထူးက ထုတ်ပယ်ခဲ့တဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိဟောင်း ဖြစ်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီအခြေအနေကို ထရမ့်က ဒေါသထွက်သွားဟန်ရှိပြီး ရင့်ရင့်သီးသီး သုံးနှုန်းခဲ့သလို ဘာလို့ ဖုန်းခေါ်ဆိုမှုက အဲဒီကို ရောက်သွားသလဲ ဆိုပြီး ကြိမ်းမောင်းသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို ဖုန်းခေါ်ဆိုမှု လွဲချော်ခဲ့တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန် ကြည်းတပ်ရဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မက်မာစတာကို ပျော့ညံ့ပြီး သုံးစားမရတဲ့ အရှုံးသမား တစ်ဦးလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မက်မာစတာကလည်း အိမ်ဖြူတော်မှာ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ စကားများခဲ့ကြတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင် ပျော်ရွှင်အောင် ထရမ့်လောက် လုပ်ပေးနိုင်တဲ့သူ မရှိလောက်ဘူးလို့ လှောင်ပြောင်ခဲ့ဖူးပါတယ်။

နောက်ပြီး ၂၀၂၄ ခုနှစ်တုန်းက သူ့ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ စာအုပ်ထဲမှာ မက်မာစတာက ပူတင်ဟာ မြှောက်လုံးတွေသုံးပြီး ထရမ့်ရဲ့ အတ္တနဲ့ စိတ်မလုံခြုံမှုတွေကို ဘယ်လိုဘယ်ပုံ အမြတ်ထုတ်ခဲ့သလဲ ဆိုတာတွေကို ထည့်ပြီး ရေးသားထားခဲ့ဖူးပါတယ်။

ထရမ့်ရဲ့ သမ္မတသက်တမ်း ပထမအကြိမ်တုန်းက သူကိုယ်တိုင် ခန့်အပ်ပြီး သိပ်မကြာခင်မှာပဲ ဆက်ဆံရေး တူးတူးခါးခါး ပျက်စီးခဲ့တဲ့ အရာရှိကြီး တော်တော်များများ ရှိခဲ့ပြီး မက်မာစတာအပြင် မတ်ခ်မီလီ၊ မက်ခ် အက်စ်ပါ၊ ဂျိမ်းစ် မက်တစ်နဲ့ ဂျွန်ကယ်လီတို့လည်း အပါအဝင် ဖြစ်ပါတယ်။

ကိုးကား: Daily Beast

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။