Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူး သေဆုံး၊ စစ်သုံ့ပန်း ၂၀၀ကျော်ဖမ်းမိဟု ချင်းညီနောင်ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းမှ တပ်ရင်းမှူး ဝေလင်းထွန်း သေဆုံးပြီး ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်သုံ့ပန်း ၂၀၀ကျော် ဖမ်းမိထားကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့အား တော်လှန်ရေးတပ်များသိမ်းပိုက် အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၀၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းမှ တပ်ရင်းမှူး ဝေလင်းထွန်း သေဆုံးပြီး ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်သုံ့ပန်း ၂၀၀ကျော် ဖမ်းမိထားကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဆလိုင်းတင်မီနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် စစ်ကောင်စီ​၏ တပ်ရင်းမှူးအား ဖမ်းမိထားခြင်းရှိ၊မရှိ မေးမြန်းရာ ၎င်းက တပ်ရင်းမှူးမှာ တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း ၊ စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့် အရာရှိများလည်း ဖမ်းဆီးရရှိထားပြီး အရေအတွက် အသေးစိတ်အား ကြေညာပေးသွားမည်ဖြစ်ကြောင်း ဆလိုင်းတင်မီက ပြောသည်။

စစ်သုံ့ပန်း ဖမ်းမိဖြစ်စဉ်များအနက် ၂၀၂၄ ဒီဇင်ဘာတွင် စစ်ကောင်စီတပ်က ဖလမ်းမြို့သို့ စစ်ကူ အင်အား ၉၈ဦးခန့် လေကြောင်းမှ ပို့ဆောင်လာရာ အားလုံးနီးပါး စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

” အဲဒီနောက်ပိုင်းမှာ ကျနော်တို့ စစ်ဆင်ရေးတွေ ပြန်လုပ်ပြီးတော့ ခလရ(၂၆၈)သိမ်းပိုက်တဲ့အချိန်မှာ ယနေ့အချိန်ထိ စစ်တိုက်နိုင်တဲ့ စစ်သည်ကြီးပဲ ၂၀၀ ကျော်လောက် ကျနော်တို့ လက်ထဲမှာရှိပါတယ်။ စစ်သည်မဟုတ်ဘဲနဲ့ သူတို့ မိသားစုကလေးတွေဘာတွေလည်း ထိန်းသိမ်းထားတာရှိပါတယ်။” ဟု ဆလိုင်းတင်မီက ပြောသည်။

ဒဏ်ရရထားသည့် စစ်သားမိသားစုဝင်အချို့ရှိသလို အချို့ ကလေးငယ်များမှာလည်း မိဘ သေဆုံးသွားခြင်း၊ အဆိုပါ တပ်မိသားစုဝင်များ ရှေ့ရေး ဘ၀ပြန်လည်ထူထောင်နိုင်ရေး ချင်းအမျိုးသားအဖွဲ့ချုပ်က တာဝန်ယူလုပ်ဆောင်ရန်ရှိဟုလည်း ပြောပြသည်။

ဖမ်းမိ စစ်သုံ့ပန်းများကို တရားဥပဒေအတိုင်း ဆက်သွားမည်ဟု ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများစွာ ရရှိသည့်အနက် ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ ဂျန်ဘာ များ၊ ကျပ်သိန်း ၄၈၀၀ကျော်၊ လက်နက်ကြီး လက်နက်ငယ်ရာချီ ရရှိထားဟု ဆလိုင်းတင်မီက ပြောသည်။

ချင်းညီနောင်နှင့်မဟာမိတ်များသည် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ၅လခန့်အကြား ယခု ဧပြီ ၇ရက်မနက်တွင် ခလရ(၂၆၈)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီ ၉ရက်တွင် မြို့နယ်တခုလုံး စစ်ကောင်စီ ကင်းစင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ကြေညာခဲ့သည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း ချင်းညီနောင်နှင့်မဟာမိတ်များမှ ရဲဘော်များ ကျဆုံးထိခိုက်မှုများ ရှိခဲ့ဟု ချင်းညီနောင်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

Facebook