Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး အင်အားစုတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သက်ဆင်ဆို

တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

ဓါတ်ပုံ- The Nation

ဧပြီ-၁၃၊၂၀၂၅။People’s Spring

တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

လဆန်းပိုင်းတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အစည်းအဝေး တစ်ခုမှာ သူဟာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာလို့ သက်ဆင်က ဧပြီ ၁၃ ရက်နေ့မှာ ပြောကြားခဲ့တာပါ။ မင်းအောင်လှိုင် အနေနဲ့ မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုနဲ့ စေ့စပ်ဆွေးနွေးသင့်နေပြီ ဆိုတာကို သူက အကြံပြုခဲ့ကြောင်း သက်ဆင်က ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (ဘင်းစတက်) ထိပ်သီးညီလာခံဆီ မင်းအောင်လှိုက် တက်ရောက်ခဲ့တဲ့အချိန် ဧပြီ ၄ ရက်နေ့မှာ သူနဲ့ စကားပြောဖြစ်ခဲ့တာလို့ သက်ဆင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆင်က သူဟာမြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ရရှိလာတာကို လိုလားကြောင်းနဲ့ အဲဒီအတွက်လည်း မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

သက်ဆင်က သူဟာအရင်ကလည်း မြန်မာ့ ပြည်တွင်း ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ ဖြေရှင်းမှု နည်းလမ်းတွေကနေတဆင့် အဆုံးသတ်နိုင်ဖို့ထိုင်းအစိုရရဲ့ ဆန္ဒကို ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးတွေဆီ အသိပေးခဲ့ဖူးတယ်လို့ ပြောကြားသွားပါတယ်။

သူကမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလမ်းစဉ် အကောင်အထည် ဖော်ဖို့ဆိုရင် အာဏာသိမ်း စစ်ကောင်စီနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ လိုအပ်ကြောင်းနဲ့ ထိုင်းဟာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးဖို့ အသင့်ရှိနေကြောင်းလည်း ဆိုပါတယ်။

ဒါပေမဲ့တရားဝင်အစိုးရတစ်ရပ်မဟုတ်ဘဲ အာဏာလုထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ကို တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သက်ဆင်ရဲ့ဝန်ခံ အသိအမှတ် ပြုမှုအပေါ် ထိုင်းရဲ့နိုင်ငံရေး သုတေသီတွေ၊ ကျွမ်းကျင်သူတွေက စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် မှတ်ချက်ပေးကြပါတယ်။

အစောပိုင်းမှာကတည်းကထိုင်းအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံရေး သုတေသီတွေက သက်ဆင်ရဲ့ သမီးဖြစ်သူဖေထောင်ထန် ရှီနာဝတ်ထ် ဦးဆောင်တဲ့အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးကို ခပ်ခွာခွာ ထားသင့်ကြောင်း ထောက်ပြ အကြံပြုထားပါတယ်။ အကြောင်းကတော့ ထိုင်းဟာ စစ်ကောင်စီကို ထောက်ခံတယ်၊ တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့သဘောလက္ခဏာမျိုးအဓိပ္ပါယ်ဖြစ်သွားမှာကိုစိုးရိမ်လို့ပါ။

သက်ဆင်ကတော့သူ့ရဲ့အကြံပြု တိုက်တွန်းမှုကို မင်းအောင်လှိုင်က အသာတကြည် နားထောင်သွားကြောင်းပြောခဲ့ပြီးတရားဝင် ငြိမ်းချမ်းရေး ဆွေး

နွေးမှုတွေ စတင်ဖို့ဆိုရင် သူဟာ မင်းအောင်လှိုင်နဲ့ နောက်ထပ် အကြိမ်တချို့ ညှိနှိုင်းရတာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။

သက်ဆင်ကသူဟာမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာစစ်ကောင်စီကဦးစီးကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲ ကိစ္စကို မဆွေးနွေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်နဲ့ နိုင်ငံသား အကျဉ်းသားတွေ လွတ်မြောက်မှုတွေ အကောင်အထည် ပေါ်မလာမချင်း ရွေးကောက်ပွဲ ကျင်းပတာကို ဆန့်ကျင်မယ်ဆိုတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ သဘောထား မူဝါဒကို လေးစားလိုက်နာတဲ့သဘောလို့လည်းသူကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ အခုနှစ်ကုန်၊ ဒါမှမဟုတ် လာမယ့်နှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် အတိုက်အခံ အင်အားစုတွေကတော့ အဲဒီရွေးကောက်ပွဲဟာ တရားမဝင်သလို စစ်ကောင်စီရဲ့ နိုင်ငံရေး ထွက်ပေါက်ရှာတဲ့ အတုအယောင် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း ကန့်ကွက် ရှုတ်ချထားပါတယ်။

ကိုးကား- The Nation

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။