Connect with us

Hi, what are you looking for?

သတင်း

စလင်း – စေတုတ္တရာလမ်းပိုင်းရှိ စစ်ကောင်စီ၏(၁၈)မိုင်စခန်းကုန်း တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်သုံ့ပန်း လေးဦးနှင့် လက်နက်ငါးလက်ရဟု တော်လှန်ရေးတပ်များပြော

၁၈မိုင်စခန်းကုန်းတိုက်ပွဲအတွင်းသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ပခုက္ကူခရိုင်အမှတ် ၆ ၊ ၇ တပ်ရင်း

ဧပြီ ၁၄၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်း – စေတုတ္တရာလမ်းပိုင်းရှိ စစ်ကောင်စီ၏ စခန်းကုန်းကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း လေးဦးနှင့် လက်နက်ငါးလက်ရရှိကြောင်း တော်လှန်ရေးရဲဘော်အချို့က လူထုနွေဦးသို့ပြောသည်။

စေတုတ္တရာနှင့် စလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်း၏ မိုင်တိုင် (၁၈)တွင်ရှိသော (၁၈)မိုင်စခန်းကုန်းကို ဧပြီ ၁၂ရက်က ထိုးစစ်ဆင်ပြီး မိနစ် ၂၀အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကပစ တွေအတွက် ထိုးနှပ်မှုတစ်ခုဖြစ်တဲ့အထိ အရေးပါပါတယ်။လက်နပ်က ငါးလက် နဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ရရှိခဲ့ပါတယ်။သုံ့ပန်းက လေးဦး”ဟု ကျားသစ်နက်တပ်မတော်၏ တာဝန်ရှိသူက (၁၈)မိုင်စခန်းကုန်းသိမ်းပိုက်မှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စခန်းကုန်းသိမ်းပြီးနောက် ရိုက်ကူးထားသည့် ရုပ်သံဖိုင်မှတ်တမ်းတွင် “အေးဆေးပါ။မိနစ် ၂၀ ပဲ ကြာလိုက်တယ်။အကုန်မီးရှို့ မြန်မြန်လေးမီးရှို့ မီးခြစ်ပါတဲ့ကောင်တွေ အကုန်ရှို့၊ သုံ့ပန်းတွေ မြန်မြန်ခေါ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်ကို တွေ့ရသည်။

စခန်းကုန်းသိမ်းတိုက်ပွဲအတွင်း မြိုင်၊ပင်လည်ဘူး၊ရေစကြို နှင့် ပခုက္ကူ မြို့အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များပါဝင်ခဲ့သည်။ အဆိုပါစခန်းကုန်းမှ စစ်ကောင်စီတပ်သားလေးဦးကို ဖမ်းမိရမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းလည်း အသိပေးသည်။

“အသေးစိတ်တော့ မထုတ်ပြန်နိုင်သေးဘူး။စကစ ဘက်က မိတာတွေရော။သေတာတွေရော ရှိပါတယ်”ဟု ပခုက္ကူခရိုင်တပ်ရင်း(၁၅)တာဝန်ရှိသူကလည်း (၁၈)မိုင်စခန်းကုန်းသိမ်းနိုင်မှုကို ပြောသည်။

ဧပြီ ၂၀ ရက်နောက်ပိုင်းကစ၍ စေတုတ္တရာ၊ပွင့်ဖြူ နှင့် စလင်းမြို့နယ်တို့ကို လေကြောင်းစစ်ဆင်ရေး ပြုလုပ်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

လက်ရှိတွင် စလင်းမြို့နယ်ကို စစ်ကောင်စီက အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့မှုများလည်းရှိသည်။

(ဓာတ်ပုံ – (၁၈)မိုင်စခန်းကုန်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းလေးဦး)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။