Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့အတူ တရုတ်အထူးကိုယ်စားလှယ် လားရှိုးမြို့ထဲရောက်နေပေမယ့် မြန်မာ့အရေးကြားဝင်မစွက်ဘူးလို့ တရုတ် ထပ်​ပြောပြန်

လားရှိူးမြို့ထဲ စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာနိုင်ဖို့ တရုတ်က ဖိအားပေးခဲ့ပေမယ့် ‘တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun ။ ဓါတ်ပုံ- fmprc

ဧပြီ-၂၁၊၂၀၂၅။အီယိုရီ/People’s Spring

လားရှိူးမြို့ထဲ စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာနိုင်ဖို့ တရုတ်က ဖိအားပေးခဲ့ပေမယ့် ‘တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောဆိုလိုက်ပါတယ်။

ဧပြီ ၂၁ ရက်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနက​မေးမြန်းမှုကို Guo Jiakun က တရုတ်ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကိုကြားဝင်မစွက်ဖက်ဘူးလို့ထပ်မံပြောကြားခဲ့တာပါ။

MNDAA နဲ့မဟာမိတ်​တွေက၂၀၂၄ ခုနှစ်ဩဂုတ်လဆန်းမှာရှမ်းပြည်မြောက်ပိုင်း၊လားရှိူးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၉ လနီးပါးအကြာ ထိန်းချုပ်နိုင်ခဲ့ပေမယ့်တရုတ်နိုင်ငံရဲ့တရစပ်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်ဒီဧပြီလထဲမှာဆုတ်ခွါပေးရပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ရက်မှာတော့စစ်ကောင်စီတပ်တွေ၊ဝန်ထမ်း​တွေလားရှိုးမြို့ထဲစတင်ဝင်ရောက်လာပြီး လက်ရှိမှာ တရုတ်အထူးကိုယ်စားလှယ်တိန့်ရွှီကျွင်းကိုယ်တိုင် လားရှိူးမြို့မှာ ရှိနေကာ စစ်ကောင်စီ၊ MNDAA တို့နဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်နေတာလို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးအတွင်း ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နဲ့ အာရက္ခတပ်တော်(AA)တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ခဲ့တဲ့ မြို့ပေါင်း ၄၅ မြို့ခန့်ရှိပြီး တစ်နှစ်ခွဲကာလအထိ ဘယ်မြို့ကိုမှ စစ်ကောင်စီက ပြန်လည် တိုက်ခိုင်ရယူနိုင်တာ မရှိသေးပါဘူး။ လားရှိုးမြို့ကိုသာ တရုတ်ရဲ့ ပြင်းထန်တဲ့ တရစပ်ဖိအားကြောင့် MNDAA က စစ်ကောင်စီကို ပြန်လည် ဝင်ခွင့်ပေးရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ယုံကြည်ထားကြပါတယ်။

ဒီအခြေအနေမှာ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Guo Jiakunက “တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေပါ။ မြန်မာ့အရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်က အလွန်ကိုပဲ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာပါတယ်”လို့ ဆိုပါတယ်။

မြန်မာ့ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ဘူးလို့ တရုတ်နိုင်ငံကမကြာခဏထုတ်ပြောလေ့ရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာ၊ အမျိုးသားညီညွတ်မှုနဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲစေရေး ကာကွယ်ရာမှာ ပံ့ပိုးကူညီကြောင်းနဲ့ နိုင်ငံရေးဆိုင်ရာ ပြန်လည်သင့်မြတ်ရေးအတွက် ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရှိ ဘက်အသီးသီးကို ထောက်ခံအားပေးပြီး နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရာမှာ ပံ့ပိုးကူညီကြောင်း တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။

၂၀၂၄ သြဂုတ်လမှာလည်းတရုတ်အစိုးရက မြန်မာ နိုင်ငံရဲ့ပြည်တွင်း​ရေးကို ဘယ်နိုင်ငံကမှဝင်​ရောက်မစွက်ဖက်ရဘူးဆိုတဲ့အချက်အပါအဝင်မ​ကျော်ရမယ့်စည်းသုံးစည်းဆိုပြီးဆိုခဲ့ပါ​သေတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။