Connect with us

Hi, what are you looking for?

သတင်း

စကခ(၂၁)အပါအဝင် ဗန်းမော်မြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းအားလုံးကို KIA ပူးပေါင်းတပ် ယနေ့ တပြိုင်တည်း ထပ်မံထိုးစစ်ဆင်

စစ်ကောင်စီက ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေ

ဧပြီ ၂၅၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းအားလုံးကို ယနေ့ (ဧပြီ ၂၅ရက်) နံနက်အစောတွင် တပြိုင်တည်း ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

KIAဦးဆောင်သည့် ပူးပေါင်းတပ်က ဧပြီ ၂၅ရက် နံနက် ၄နာရီခွဲမှစ၍ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

https://www.facebook.com/LuduNwayOo/videos/596685743431203

Public Service Announcement

Public Service Announcement

“စကခ(၂၁) တခုတည်းမဟုတ်ဘူး အားလုံး။ အားလုံး ဗန်းမော်မြို့မှာရှိတဲ့ စခ စခန်းတွေအကုန်လုံးကို တပြိုင်တည်းထိုးစစ်ဆင်နေတာ’ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းရင်းမြစ်အချို့က ဗန်းမော်တိုက်ပွဲမှာ ယနေ့နံနက်တွင် ပြန်လည်စတင်နေကြောင်း ပြောသည်။

ထို့အပြင် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက အထိနာလျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်များက အသိပေးသည်။

ဖားကန့်လမ်း မအူပင်ဒေသ၌ ဧပြီ ၂၄ရက် ညတွင် စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရရှိဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ ထို့ပြင် ရန်သူ့သည် အလောင်းများစွန့်ပစ်ထားခဲ့ပြီး ဆုတ်ခွာသွားဟု ဆိုသည်။

“ဖားကန့်လမ်းကြောင်း မအူပင်ကနေ ကျောက်ဖျာအထိ ကေအိုင်အေ ထိန်းချုပ်ထားတဲ့ နေရာကို ပြန်ရချင်လို့ လမ်းကြောင်းလာဖွင့်တဲ့ သဘော။ မနှစ်က နန့်ယားနဲ့ နန့်တိန့် အဓိက စခန်းကုန်းတွေကို ပူးပေါင်းတပ်က သိမ်းပိုက်ထားတော့ ရိက္ခာ လက်နက်၊ လူ ပို့မရ ဖြစ်နေတာ။ တကြောင်းတခုထဲကပဲ အားကိုးနေရတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက မြစ်ကြီးနားမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ယာဥ် ၅စီးဖြင့် ဖားကန့် − တနိုင်းလမ်းအတိုင်း စစ်အင်အားအများအပြားဖြင့် ဖားကန့်လမ်းဘက် တက်သွားဟု ၎င်းက ဆိုသည်။

“မအူပင် ကျေးရွာနား အထိနာဆုတ်ပြေးသွားတဲ့ စခတွေကို ကူဖို့လို့ ယူဆရတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

အခြား ကချင်သတင်းရင်းမြစ်ကလည်း “ကားမိုင်း လဝါးဘက်ကနေ အဲဒီ လမ်းကြောအတိုင်း နန့်ယား လမ်းကြောအတိုင်းသူတို့က စစ်အင်အား ၅၀၀ လောက်ရှိတယ်။ စခနဲ့ ပြည်သူ့စစ်ပူးပေါင်း ပြီး ထိုးစစ်ဆင်တာ။ မနေ့ကနေ လှုပ်ရှားလာတာ”ဟု ဖားကန့်ဒေသ စစ်ရေး အခြေအနေကို ပြောသည်။

ထို့အပြင် အင်းတော်ကြီး -တာမခန်-လုံးတုံ -တုံပြင်ဘက်တွင်လည်း အင်အား ၃၀၀ခန့် စစ်ကြောင်း တခုဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်နေသည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

“သူတို့ရည်ရွယ်ချက်က ဖားကန့်ကို ပြန်ပြီးမှ ထိန်းချုပ်နိုင်အောင်ပေါ့။မနေ့ကနေ စပြီး စစ်ရေးလှုပ်ရှားလာတာ”ဟု ၎င်းက ပြောသည်။

ဗန်းမော်တိုက်ပွဲနှင့် ဖားကန့်လမ်းတိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တရုတ်အကူအညီဖြင့် စစ်ကောင်စီက ကိုးကန့်တပ် MNDAAကို ဖိအားပေး အပစ်ရပ်စဲထားနိုင်သည့် အခြေအနေတွင် KIAနှင့် TNLA နယ်မြေများကို စစ်ကောင်စီက ပိုမိုထိုးစစ်ဆင်လာနိုင်ကြောင်း ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ရှမ်းမြောက် နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီက TNLA ကို နေ့စဉ် တိုက်ခိုက်နေသည်ဟု ၎င်း က ဆိုသည်။

“ဘုံရန်သူ ဖြစ်တဲ့ စကစကို KIA၊ TNLA၊SSPP၊ AA အားလုံး လက်တွဲပြီး မတိုက်သရွေ့ တော့ တရုတ်အကူအညီနဲ့ အာဏာရှင်စကစ သက်ဆိုးရှည်နိုင်ပါတယ်။ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေပဲ တိုက်နေရင်တော့ စက ပြုတ်ကျဖို့ မလွယ်လောက်ဘူး ။အားလုံး ဝိုင်းတိုက်မှ ရမှာပါ”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်စဲမည်ဟုကြေညာစဉ်က KIAကလည်း ယင်းရက်အတိုင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း စစ်ကောင်စီက ဗန်းမော်အပါအဝင် ကချင်ပြည်နယ်ရှိ မြို့ရွာများ၌ လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့်အပြောနှင့်အလုပ်မညီသည့် စစ်ကောင်စီက ဧပြီ ၂၃ရက်မှ ဧပြီ ၃၀ရက်အထိ အပစ်ရပ်မည်ဟု ထပ်မံ သက်တမ်းတိုးကြောင်း ဟန်ပြကြေညာခဲ့သော်လည်း KIAက ထိုးစစ်ရပ်ဆိုင်းမှု ထပ်မံ သက်တမ်းတိုးခြင်းမရှိခဲ့ပေ။

(စစ်ကောင်စီ၏ ငကျန်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရသော KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Jithu Magar)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။