Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးနဲ့ မတ္တရာကို စစ်တပ် ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ် ‌‌‌ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးပြီးဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ-CJ

ဧပြီ ၂၈၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ် ‌‌‌ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးပြီးဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

ဧပြီ ၂၆ရက် ည ၉နာရီကျော်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ရုန်းပင်ကျေးရွာကို စစ်တပ်က လေ ကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦးထိမှန် သေဆုံးပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ရုန်းပင်ကျေးရွာဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိပြီး အရှေ့ခြမ်းမှာ ကျောက်တံတားရွာနဲ့ ထန်းပင်ကုန်းရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။

“တိုက်ပွဲဖြစ်နေကျနေရာတွေနဲ့ အခုဗုံးကြဲတဲ့ နေရာက ၅မိုင်လောက်ဝေးပါတယ်။ အရပ်သား တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့သဘောပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဧပြီ ၂၇ ရက် မနေ့ မနက်၁၀နာရီခွဲမှာလည်း စဉ့်ကူးမြို့ပေါ်က အထက စာသင် ကျောင်းအရှေ့ဘက်နဲ့ မဟာဝေယံဘုံသာဘုန်းကြီး ကျောင်းတို့ကို စစ်တပ်က ပေါင် ၂၅၀ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့ခံပြည်သူတွေက မြို့ထဲမနေသေးတာမို့အထိခိုက်မရှိဘဲ အဆောက်အဦးသုံးလုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက ဒီလအတွင်း မန္တလေးတိုင်းအတွင်းက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ် နေပြီး ပြည်သူ ၅၀ဦးထက်မနည်းထိမှန် သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook