Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့ တရားမဝင်လုပ်ရပ်တွေကို ဆက်လက်ရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့ အတူရပ်တည်တယ်လို့ အီးယူထုတ်ပြန်

ဖေဖော်ဝါရီလ ၁ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ပြောင်တင်းစွာ ဆန့်ကျင်လျက် အရပ်သားအစိုးရကို တရားမဝင်ဖြုတ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာစစ်တပ်ရဲ့ တရားမဝင်လုပ်ရပ်တွေကို ဆက်လက်ရှုတ်ချပြီး ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီရရှိရေးရွေးချယ်မှုအပေါ် ခိုင်မာစွာ သဘောတူရပ်တည်တယ်လို့ ဒီနေ့(နိုဝင်ဘာ၈ရက်) ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဥ ရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ထုတ်ပြန် ကြေညာရာမှာ ထည့်သွင်းဖော်ပြ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြောက်မြားလှစွာသော မြန်မာပြည်သူလူထုဟာ နိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲများမှာ မဲဆန္ဒပြုခဲ့ကြပြီး သူတို့ရဲ့ သဘောထားအသံဟာ ရှင်းလင်းတိကျမှုရှိကာ ဒီမိုကရေစီရရှိရေးနဲ့ပတ်သက်လို့ ပြင်းပြတဲ့ဆန္ဒတွေဟာလည်း ပြတ်သားခိုင်မာနေခဲ့ တယ်လို့ အီးယူအဆင့်မြင့်ကိုယ်စားလှယ်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ပြောင်တင်းစွာ ဆန့်ကျင်လျက် အရပ်သားအစိုးရကို တရားမဝင်ဖြုတ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုး တွေ ပေါ်ပေါက်ခဲ့တယ်လို့ အီးယူကဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ စစ်တပ်အင်အားတိုးချဲ့ခြင်းနဲ့ ယင်းဖြစ်ရပ်ကြောင့် အထူးသဖြင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှုမြင့်တက်လာခြင်းတို့ဟာ အလွန်အမင်းစိုးရိမ်ဖွယ်အခြေအနေတွေဖြစ်တယ်လို့ ဆက်လက်ဖော်ပြပါတယ်။

အီးယူဟာ မြန်မာစစ်တပ်ရဲ့ ချင်းပြည်နယ်ကျေးရွာများအပေါ် တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်မှုနဲ့ ပုဂ္ဂလိကအဆောက်အအုံများ၊ ဘာသာရေးနယ်မြေများကို ဖျက်ဆီးမှုတို့အပါအဝင် စစ်တပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ထိုးစစ်ဆင်မှုအကျိုးဆက်တွေဟာ နိုင်ငံတကာဥပဒေကို ပြောင်တင်းစွာ ချိုးဖောက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး အီးယူဟာ လတ်တလောမျက်မြင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေနဲ့ မလျော်မကန်အင်အားသုံးမှုတွေ အားလုံးကို ချက်ချင်းရပ်တန့်ဖို့ ထပ်လောင်းတောင်းဆိုပါတယ်။

စစ်တပ်အာဏာပိုင်တွေအနေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ အကူအညီလိုအပ်သူအားလုံးထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ မြန်ဆန်ဘေးကင်းပြီး အဆီးအတားမရှိ လက်လှမ်းမီရောက်ရှိစေဖို့ ဆောင်ရွက်ရမယ်လို့ အီးယူက တိုက်တွန်းပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုမြင့်တက်လာခြင်းဟာ အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို ဆန့်ကျင်နေပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်စေဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို အကြွင်းမဲ့လွှတ်ပေးဖို့ ထပ်မံတောင်းဆိုတယ်လို့ အီးယူက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် Noeleen Heyzer ကိုခန့်အပ်မှုကို ကြိုဆိုကြောင်းနဲ့ အာဆီယံနဲ့ အထူးသံတမန် Erywan Yusof တို့ရဲ့ စဉ်ဆက်မပြတ်အားထုတ်မှုများကို ချီးကျူးဂုဏ်ပြုပြီး ကုလသမဂ္ဂနဲ့ ထပ်ဆောင်းပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အားပေးထောက်ခံတယ်လို့ အီးယူက ထုတ်ပြန်ပါတယ်။

(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ရန်ကုန်မြို့၌ ဆန္ဒပြကန့်ကွက်​နေသည်ကို ​ဖေ​ဖော်ဝါရီလက ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။