Connect with us

Hi, what are you looking for?

သတင်း

ပြင်းထန်နေသည့်မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများကြဲ တိုက်ခိုက်​

ကရင်နီပြည်နယ်၊မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများကြဲ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)စစ်ဗျူဟာ အမှတ် (၁)က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

မေ-၆၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများကြဲ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)စစ်ဗျူဟာ အမှတ် (၁)က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် မိုးဗြဲမြို့၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပြင်းထန်စွာ နေ့စဉ်ရက်ဆက်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းမှ အဆိပ်ငွေ့ဗုံးများဖြင့်ပါ အသုံးပြုတိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

“မိုးဗြဲရှိ ဘီလူးချောင်းထဲသို့ပါ စစ်ကောင်စီဘက်မှ အဆိပ်ရည်များ လောင်းထည့်ထားတွေလဲရှိနေပါတယ်”ဟု KNDF စစ်ဗျူဟာ အမှတ်(၁)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1786129218635966

ထို့အပြင် မိုးဗြဲရေကာတာမှတဆင့် ရေဖောက်ချမှုကြောင့် မိုးဗြဲမြို့ရှိ မြောင်းများနှင့် ဘီးလူးချောင်းအတွင်း ငါးများ အစုလိုက်၊အပြုံလိုက်သေဆုံးမှု ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရကြောင်း ဒေသခံများက ပြောသည်။

“စကစတွေ ဆည်ရေအဆိတ်ခတ်မှုကြောင့်လား သေချာတော့ မသိရသေးပေမယ့် တစ်ချို့လူတွေက ကောင်းကောင်းမသေသေးတဲ့ ငါး၊မှုး​ဝေနေတဲ့ငါး တွေကိုဆယ်ယူပြီး စားကြတာရှိသလို ပြန်ရောင်းကြတာလဲ ရှိပါတယ်။တစ်ချို့က ဝယ်စားမိလို့ လည်းချောင်းယားတာတွေဖြစ်ကြတယ်လို့ ပြောကြပါတယ်။ဆည်မြောင်းရေကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ပြည်သူတစ်ချို့လည်းသတိထားဖို့လိုအပ်သလို ငါးရောင်းငါးဝယ်တဲ့ပြည်သူတွေလည်းသတိထားဖို့လိုအပ်နေတယ် “ဟု မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြောသည်။

ငါးသေများတွေ့ရှိမှုမှာ သတင်းပတ်နှစ်ပတ်ကျော်ကြာရှိလာပြီး ဘီးလူးချောင်းနှင့် မိုးဗြဲဆည် ရေထွက်​ပေါက်မှ ထွက်လာသည့် မြောင်းများကို မှီခိုအသုံးပြုသည့် ပြည်သူများအနေဖြင့် သတိပြုကြရန် KNDF မိုးဗြဲဇုန် တပ်ရင်းမှူးသိန်းထွန်းက ပြောသည်။

ကရင်နီပူးပေါင်းတပ်က ထိန်းချုပ်ထားသည် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသည်မှာ ငါးလဝန်းကျင်ရှိနေပြီ ဖြစ်သည်။

တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ဦးကျော်ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ ၆၀ ထက်မနည်းသေဆုံးကာ လက်နက် ၂၀ခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

ရုပ်သံ − KNDF

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

Facebook