Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နေအိမ်၂၀ခန့် ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်၂၀ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်က ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - CJ

မေ ၉၊ ၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်၂၀ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ၉ရက် ဒီနေ့ ညနေ ၄နာရီကျော်မှာ ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကနီမြို့နယ်က ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ – CJ

” ပေါင်၂၀၀ဗုံး သုံးလုံးကြဲသွားတယ်။နေအိမ်ပျက်စီးမှုက တော့အလုံး၂၀ လောက်ရှိမယ်။လူထိခိုက်မှုတော့ မရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက‌ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ၂၅ရက်ကလည်း ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား၂ဦး သေဆုံးပြီး အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ဧပြီလပထမအပတ်ထဲကစတင်ကာ ကနီမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီး သံဃာတော်ါတွေအပါအဝင် ပြည်သူ ၅ဦးထပ်မနည်း သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook