Connect with us

Hi, what are you looking for?

News

ဖယ်ခုံ​ဒေသခံအမျိုးသား ၅ ဦးကိုစစ်​​ကောင်စီတပ်ဖမ်းဆီး

“ဒီစကစရဲ့ယုတ်မာမှုတွေက အတိုင်းအထက် အလွန်ပဲ။ ပြောစရာစကားမရှိလောက်အောင်ကို ယုတ်မာတယ်။တွေ့ရာ အမျိုးသားဖမ်းတယ်။ပြီးရင် PDF လို့ ခေါင်းစဥ်တပ် တယ်။သတ်တယ်။ဒါမှမဟုတ် လူသားဒိုင်းကာအဖြစ်သုံးတယ်”ဟု ၎င်းကပြောသည်။

ကယားပြည်နယ် ဖယ်ခုံမြို့မှ ​ဒေသခံပြည်သူ အမျိုးသားငါးဦးကို အာဏာသိမ်းစစ်​ကောင်စီကဖမ်းဆီးသွားကြောင်းဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ဖမ်းဆီးခံရသူငါးဦးစလုံးမှာ ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်မှ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညပိုင်းက အဓမ္မ ဖမ်းဆီးသွားခြင်းဖြစ်ကာ အကြောင်းအရင်းကို မသိရှိရသေးကြောင်း ၎င်းက ဆက်​ပြောသည်။

“အများစု က လူငယ်တွေပဲ။ရပ်ကွက်နေသူတွေ ပြောအရ ဆို တစ်ယောက်ကဖုန်းထဲကPDFတွေနဲ့တွဲရိုက်ထားသောပုံကြောင့်တဲ့။နောက် ကျန်တဲ့ကလေးတချို့ကိုလည်းစစ်ပြောက်ကျားဝတ်စုံကို မတရားအတင်းဝတ်ခိုင်းပြီဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဒေသခံပြည်သူလူထုအား စစ်တပ်၏အဓမ္မဖမ်းဆီးမှုများသည်တိုက်ပွဲအတွင်းလူသားဒိုင်းကာပြုလုပ်ရန်အတွက် ဖြစ်နိုင်ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFတာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

“ဒီစကစရဲ့ယုတ်မာမှုတွေက အတိုင်းအထက် အလွန်ပဲ။ ပြောစရာစကားမရှိလောက်အောင်ကို ယုတ်မာတယ်။တွေ့ရာ အမျိုးသားဖမ်းတယ်။ပြီးရင် PDF လို့ ခေါင်းစဥ်တပ် တယ်။သတ်တယ်။ဒါမှမဟုတ် လူသားဒိုင်းကာအဖြစ်သုံးတယ်”ဟု ၎င်းကပြောသည်။

အောက်တိုဘာလအတွင်း​က စစ်ကောင်စီ၏ ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရသော ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၉ ဦး မိသားစုနှင့်အ ဆက်အသွယ်ပြတ်နေသေးကြောင်းသိရသည်။

“သူတို့သတင်းအစအန ဘာမှမကြားဘူး။သူတို့(စစ်တပ်)ဆီ
က သိမ်းဆည်းထားတဲ့သေနတ်ပြန်ပေး။ဒါဆို ဒီလူတွေကိုပြန်လွှတ်ပေးမယ်ပြောထားတာရှိတယ်။နောက်ထပ်တော့ ဘာမှထပ်ပြောတာမျိုး မရှိဘူး”ဟုPDF(ဖယ်ခုံ)တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ဖယ်ခုံမြို့အတွင် အထိုင်ချနေပြီး ယ​နေ့(နိုဝင်ဘာ ၉ ရက်)တွင် နေ့လည်ပိုင်းအထိ ထိုးစစ်ဆင်မှုမရှိသေးသောကြောင့် တိုက်ပွဲများခေတ္တ ငြိမ်သက်လျက်ရှိသည်။နိုဝင်ဘာ ၂ ရက်ကစ၍ဖယ်ခုံဒေသတွင်စစ်ကောင်စီ၏ထိုးစစ်ကြောင့် ဒေသခံတစ်သောင်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်နေရဆဲဖြစ်သည်။

(ဖမ်းဆီးခံရ​သော ပြည်သူငါးဦး)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook