Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှု ကျောင်းသူကလေးငယ်တစ်ဦး ထပ်မံ သေဆုံး၊ စုစုပေါင်းသေဆုံးသူ ၂၄ဦးရှိလာ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရ​ကျောင်းသူကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၄ရက်)တွင် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

မေ ၁၄၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရ​ကျောင်းသူကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၄ရက်)တွင် ထုတ်ပြန်သည်။

Grade- 3တွင် ပညာသင်ကြားနေ‌သော မပြည့်ပြည့်ငြိမ်းအသက်(၁၁)နှစ်သည် ယနေ့(မေလ ၁၄ရက်) တွင် ထပ်မံကွယ်လွန်သွားခြင်းဟု ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။

မေလ ၁၃ရက်ကလည်း ဒဏ်ရာရထားသူများထဲမှ Grade-2 တွင် ပညာသင်ကြား​နေ​သော ​မောင်အောင်ဇေယျအသက်(၈)နှစ်မှာ ထပ်မံကွယ်လွန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါထုတ်ပြန်ချက်များ မထုတ်ပြန်မီတွင် မြေပြင်စာရင်းကောက်ယူမှုအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၀၂ဦးရှိကြောင်း ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။

ထို​ကြောင့် အိုးတိန်တွင်းရွာစာသင်​ကျောင်းဗုံးကြဲခံရမှုတွင် ​​သေဆုံးသူ ကျောင်းသား​ကျောင်းသူ ၂၂ ဦး ၊ဆရာမ ၂ ဦး စုစု​ပေါင်း ၂၄ ဦး​ရှိလာသည်။

စစ်​ကောင်စီကမူ စာသင်​​ကျောင်းကို ဗုံးကြဲမှုအ​​ပေါ် ​ဗြောင်းငြင်းဆိုးပြီး ​ဒေသခံပြည်သူများကစစ်​ကောင်စီ၏ သတင်းလိမ်လည်ထုတ်ပြန်မှုအ​ပေါ်ဝေဖန်ပြစ်တင်​နေကြသည်။ NUG က စစ်​ကောင်စီသည် စာသင်​ကျောင်းကို အဆင့်ဆင့်​​ပေါက်ကွဲ​စေ​သော ကလူစတာ(cluster )ဗုံး အသုံးပြုကြဲခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ထားသည်​။ ရက်စက်ကြမ်းကြုတ်သည့် လူသတ်လက်နက်ဖြစ်​သော ကလူစတာဗုံးကို နိုင်ငံတကာတွင် အသုံးပြုခွင့်တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။