Connect with us

Hi, what are you looking for?

News

ရဲတပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်တစ်ဦး CDFထံ လာရောက်ပူးပေါင်း

ဇိုတုန်နယ်အတွင်းရှိ အာဏာရှင်လက်ကိုင်တုတ်များအားလုံး ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန် အခက်အခဲများ ရှိပါက ဇိုတုန် CDF မှ လွတ်မြောက်နယ်မြေ ရောက်သည်အထိ ကူညီပေးသွားမည်ဟုလည်း အသိပေးထားသည်။

People's Spring
People's Spring

ချင်းပြည်နယ် ဇိုတုန်နယ် ရေဇွာရဲစခန်းမှ တပ်ကြပ်ကြီးအဆင့်တစ်ဦးနှင့် ဒုတပ်ကြပ်အဆင့်တစ်ဦးတို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့- CDF (ဇိုတုန်)က ယနေ့(နိုဝင်ဘာ၉ရက်) ထုတ်ပြန်သည်။

အာဏာရှင်တော်လှန်ရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒကို အလေးထား၍ တော်လှန်ရေးအင်အားစုများ ဘက် ရပ်တည်လာသည်ကို လှိုက်လှဲစွာကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇိုတုန်နယ်အတွင်းရှိ အာဏာရှင်လက်ကိုင်တုတ်များအားလုံး ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန် အခက်အခဲများ ရှိပါက ဇိုတုန် CDF မှ လွတ်မြောက်နယ်မြေ ရောက်သည်အထိ ကူညီပေးသွားမည်ဟုလည်း အသိပေးထားသည်။

ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ပြည်သူနှင့် ပူးပေါင်းလာသည့် ရဲအများအပြားရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။