Connect with us

Hi, what are you looking for?

LuduNwayOo

News

ရဲတပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်တစ်ဦး CDFထံ လာရောက်ပူးပေါင်း

ဇိုတုန်နယ်အတွင်းရှိ အာဏာရှင်လက်ကိုင်တုတ်များအားလုံး ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန် အခက်အခဲများ ရှိပါက ဇိုတုန် CDF မှ လွတ်မြောက်နယ်မြေ ရောက်သည်အထိ ကူညီပေးသွားမည်ဟုလည်း အသိပေးထားသည်။

People's Spring
People's Spring

ချင်းပြည်နယ် ဇိုတုန်နယ် ရေဇွာရဲစခန်းမှ တပ်ကြပ်ကြီးအဆင့်တစ်ဦးနှင့် ဒုတပ်ကြပ်အဆင့်တစ်ဦးတို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့- CDF (ဇိုတုန်)က ယနေ့(နိုဝင်ဘာ၉ရက်) ထုတ်ပြန်သည်။

အာဏာရှင်တော်လှန်ရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒကို အလေးထား၍ တော်လှန်ရေးအင်အားစုများ ဘက် ရပ်တည်လာသည်ကို လှိုက်လှဲစွာကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇိုတုန်နယ်အတွင်းရှိ အာဏာရှင်လက်ကိုင်တုတ်များအားလုံး ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန် အခက်အခဲများ ရှိပါက ဇိုတုန် CDF မှ လွတ်မြောက်နယ်မြေ ရောက်သည်အထိ ကူညီပေးသွားမည်ဟုလည်း အသိပေးထားသည်။

ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ပြည်သူနှင့် ပူးပေါင်းလာသည့် ရဲအများအပြားရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။