Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်အစပ် ပဲခူး၊ဧရာဝတီနှင့်မကွေးတိုင်းတို့တွင် တိုက်ပွဲဆက်ဖြစ်နေဟု AAပြော

ရခိုင်ပြည်နယ်အစပ်ဒေသများဖြစ်သော ပဲခူး၊ဧရာဝတီနှင့်မကွေးတိုင်းနယ်စပ်တို့ရှိ အာရက္ခတပ်တော် (AA)တပ်စခန်းများရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။

အာရက္ခတပ်တော်(AA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA Infodesk

■ကျောက်ဖြူမြို့၌ တိုက်ပွဲပြင်းထန်နေ

မေ ၁၅၊၂၀၂၅။ဒီဒီး၊သတိုး/People’s Spring

ရခိုင်ပြည်နယ်အစပ်ဒေသများဖြစ်သော ပဲခူး၊ဧရာဝတီနှင့်မကွေးတိုင်းနယ်စပ်တို့ရှိ အာရက္ခတပ်တော် (AA)တပ်စခန်းများရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။

“ရခိုင်နဲ့ ဧရာဝတီအစပ်ဖက်မှာလည်း ကျွန်တော်တို့ရှိတဲ့နေရာတွေကို စစ်ကောင်စီဘက်ကနေ တောက်လျှောက်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေကတော့ နေရာတော်တော်များများမှာဆက်ပြီး‌တော့ ‌ဖြစ်နေတာတွေရှိတယ်။ နောက်ဒီ ရခိုင်နဲ့ပဲခူးအစပ်မှာဆိုလို့ရှိရင်လည်း အဲဒီ့မှာလည်း အလားတူပါပဲ။ကျွန်တော်တို့ရှိတဲ့နေရာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်”ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

AAအပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များပြုလုပ်မည်မဟုတ်ဘဲ တဖက်သတ် အပစ်ရပ်ကာလအား မေလကုန်ပိုင်းအထိ ကြေညာထားသည်။ ထို့အပြင် စစ်ကောင်စီက အပစ်ရပ်မည်ဟုကြေညာထားသော်လည်း မြေပြင်ထိုးစစ်ဆင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

” ကျွန်တော်တို့ဘက်ကတော့ အပစ်အခတ်ရပ်ဆဲရေးကြေညာထားတဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့က သူတို့လာတိုက်လို့ရှိရင်တော့ ခုခံပစ်ခတ်တဲ့ အနေအထားလောက်ပဲ ရှိတယ်ဗျ။
ထိုးစစ်တွေကတော့ ရပ်ထားတယ်ဗျ။ ဘာကြောင့်ဆို ကျွန်တော်တို့က အပစ်အခတ်ရပ်ဆဲရေးကြေညာထားတယ်။ ဒါကြောင့်မိုလို့ ကိုယ်ကသွားပြီးတော့ သူများကို အရင်သွားပစ်တာတော့မရှိဘူး”ဟု ဦးခိုင်သုခက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း ၎င်းက ဆက်ပြောသည်။

” ကျောက်ဖြူမှာတော့ အကြမ်းဖက်စစ်ကောင်စီက ကျောက်ဖြူမြို့အပြင်ဘက်မှာရှိတဲ့ ကျွန်တော်တို့ AA တပ်ဖွဲ့တွေရှိတဲ့နေရာကို သူက ဒီ တောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိတယ်။ ဆိုတော့ သူတို့ဘက်ကလာပြီး‌တော့ ထိုးစစ်ဆင်တိုက်ခိုက်လို့ရှိရင်တော့ ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ ခုခံရတဲ့အနေအထားမျိုးဖြစ်တယ်။ဒါကြောင့်မိုလို့ ကျောက်ဖြူမြို့အပြင်တဝိုက်မှာတော့ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန်ဖြစ်နေတာရှိတယ်ဗျ”ဟု ဦးခိုင်သုခက ပြောသည်။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က မေလ ၁၄ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားသည်ဟု AAက အသိပေးထားသည်။

မေလ ၁၃ရက်က ရသေ့တောင်မြို့နယ်နှင့် ‌မေလ ၁၄ရက်က ကျောက်တော်မြို့အား လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပေါ် AA က ထုတ်ပြန်ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ငပြီကျွန်းတိုက်ပွဲမှာစစ်သားအလောင်း ၄၀ ခန့်ရပြီး၂၀ ကျော်ဖမ်းမိဟု​စစ်​ရေးသတင်းရင်းမြစ်​ပြော