Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​​ကောလင်းတွင်ကလပ်စတာဗုံးကြဲ

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က အလွန်အန္တရာယ်များသော ဆင့်ကွဲ​ပေါက်ကွဲ​စေသည့် ကလပ်စတာဗုံး (Cluster Bomb)များသုံးပီး တိုက်ခိုက်နေကြောင်းကောလင်းခရိုင် တပ်ရင်း(၂)ကသတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီကြဲချသည့် ကလပ်စတာဗုံးအခွံကို PDF တဦးကပြသစဥ်။ဓါတ်ပုံ-​ကောလင်းခရိုင်တပ်ရင်း -၂ )

​မေ-၁၇၊၂၀၂၅။ကဖေး/People’s Spring

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က အလွန်အန္တရာယ်များသော ဆင့်ကွဲ​ပေါက်ကွဲ​စေသည့် ကလပ်စတာဗုံး (Cluster Bomb)များသုံးပီး တိုက်ခိုက်နေကြောင်းကောလင်းခရိုင် တပ်ရင်း(၂)ကသတင်းထုတ်ပြန်သည်။

ကောလင်းခရိုင် တပ်ရင်း(၂)၏ ယနေ့(မေလ ၁၇ရက်)ထုတ်ပြန်ချက်၌ မကြာသေးမီက ကောလင်းမြို့ အနောက်ဘက် ဥက္ကံရွာ နှင့် ချောင်းနားကို စစ်ကောင်စီက ကလပ်စတာဗုံးများ ကြဲချခြင်းဟု ဖော်ပြသည်။ ရွာထဲ၌ ကလူစတာဗုံးအခွံ များ ရှာတွေ့ခဲ့သည်ကို ဓာတ်ပုံများဖြင့်တကွဖော်ပြထားသည်။

“စကစက လေယဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာCluster Bomb တွေသုံးပီး တိုက်ခိုက်နေတာသေချာပါတယ်”ဟုကောလင်းခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကလပ်စတာဗုံးဆိုသည်မှာဗုံးတစ်လုံးထဲတွင် ဗုံးသီးအသေးစား(submunitions)များထည့်ထားသည့် ဗုံးအမျိုးအစားဖြစ်သည်။တိကျသည့် ပစ်မှတ်တစ်ခုစီစီကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေသော ဗုံးဖြစ်သည်။ အန္တရာယ်များလှပြီး ရက်စက်​သောအဆိုပါဗုံးကို နိုင်ငံတကာတွင် အသုံးပြုခွင့်တားမြစ်ထားသည်။

မေလ ၁၂ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲရာတွင် ကလပ်စတာဗုံးကိုအသုံးပြုခဲ့သည်ဟု ဒေသခံများကပြောသည်။ အဆိုပါ တိုက်ခိုက်မှု၌ဆရာမ (၂) ဦး နှင့် ကျောင်းသား ကျောင်းသူ (၂၄) ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်က ရခိုင်ပြည်နယ်ထ ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွင်ကလပ်စတာဗုံး များသုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCOက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ကလပ်စတာဗုံးများ အသုံးပြု၍ တိုက်ခိုက်ခြင်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး ယင်းဗုံးများ မှ ထွက်ကျလာသော မပေါက်ကွဲသေးသော ဗုံးအသေးများသည် ရပ်ကွက်များ၏ အနီးတဝိုက်တွင် ကျန်ရှိနေနိုင်ကြောင်း HDCO

ကထုတ်ပြန်သည်။အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်များကို ပြည်သူများ နေထိုင်ရာ ဒေသများ၊ ရပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စိုးရိမ်စရာဖြစ်သည့်အပြင် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများနှင့်မညီပဲ ဂျနီဗာစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook