Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ တောင်ဘက်ရှိ ထိုင်းနယ်စပ်က စခန်းတွေကို KNU စတင်တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းအပါအဝင် တပ်စခန်း ၄ ခုကို KNU တပ်မဟာ (၆) ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

မေ – ၂၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းအပါအဝင် တပ်စခန်း ၄ ခုကို KNU တပ်မဟာ (၆) ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဝေါ်လေ ၊ ကနဲလေး၊ ဘလက်ဒို ၊မော်ခီး နဲ့ သေဘောဘိုး ရွာတွေအနီး အခြေစိုက်တပ်စွဲထားတဲ့ တပ်စခန်း ၄ ကို ဒရုန်းစတင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။

အဲဒီ တပ်စခန်းတွေဟာ KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိပြီး မေလ ၂၀ ရက်မှာ မော်ခီစခန်း ကို စတိုက်ပြီး မနေ့ (မေလ ၂၁ ) ရက်မှာတော့ ကနဲလေးစခန်း၊ သေဘောဘိုစခန်း နဲ့ ဘလက်ဒိုစခန်းတို့ ဆက်လက်တိုက်ခိုက်ခံရတာပါ။

Public Service Announcement

Public Service Announcement

ထိုင်းနယ်စပ်ရင်းမြစ်တွေကတော့ မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် နယ်စပ်တလျှောက်ကို ထိုင်းစစ်တပ်က အနီးကပ် စောင့်ကြည့်နေတယ်လို့ ဖော်ပြကြပါတယ်။

လက်ရှိတိုက်ခိုက်နေတဲ့ ဝေါ်လေမြို့က သေဘောဘိုး စခန်းနဲ့ မော်ခီး စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNU က သိမ်းယူခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်ရာမှာတော့ အဲဒီစခန်းနှစ်ခုကို KNU ပြန်လည်လက်လွှတ်ခဲ့ရတာပါ။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက်ခိုက်သိမ်းယူပြီးနောက် အခုအခါမှာတော့ တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။