Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်များ သုံးရက်ဆက်တိုက်ပွဲဖြစ်

ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး ထွက်ပြေးအလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအချို့ရှိကြောင်း CDF-CDM စီးယင်း တာဝန်ရှိသူက လူထုနွေဦးသို့​ ပြောသည်။

ချင်းတောင်ပေါ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဒေသခံများ တိမ်းရှောင်ရန် ပြင်ဆင်နေကြစဉ်။ ဓာတ်ပုံ − CDF Civic Defense Militia -CDM -Siyin

မေ၂၃၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး ထွက်ပြေးအလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအချို့ရှိကြောင်း CDF-CDM စီးယင်း တာဝန်ရှိသူက လူထုနွေဦးသို့​ ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၅၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ချင်းတောင်ပေါ်သို့သို့ မေလ ၁၈ ရက်ကစ၍ စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။

အဆိုပါစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖြစ်သော CDF CDM SIYIN ၊ PDF ဇိုလန်းနှင့် KKG တို့က မေလ ၂၁ရက် နံနက်မှ ယနေ့(မေလ ၂၃ ရက်)အထိ ခုခံတိုက်ခိုက်နေကြောင်းလည်း CDF-CDM စီးယင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“မွာလ်ပီးရွာထဲနည်းနည်း ဝင်လာပြီ။သိုင်းငင်းမှာ ပြန်အထိုင်ချဖို့နဲ့ တီးတိန်ကို အင်အားဖြည့်ဖို့လို့ ယူဆတယ်”ဟု CDF-CDM စီးယင်း တာဝန်ရှိသူက စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသည့် အခြေအနေကို ရှင်းပြသည်။

လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းတည်နေရာနှင့် ၎င်းတို့ဦးတည်နေသည့် သိုင်းငင်းကျေးရွာသို့ ရောက်ရှိရန် ၁၂မိုင်ခန့် အကွာအဝေးရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ထွက်ပြေးလာတဲ့သူတွေရဲ့ထွက်ဆိုချက်အရ ၅၀၀ ကျော်တယ် သိရတယ်။ထွက်ပြေးလာတဲ့သူတွေက စကစ တပ်သားပါ။ကလေးတောင်ပိုင်း UGတို့ဆီရောက်နေတယ်”ဟုလည်း CDF-CDM စီးယင်း တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။

ထို့အပြင် စစ်ရေးအခြေအနေကြောင့် မေလ ၂၀ရက်ကစ၍ ကလေး – သိုင်းငင်းလမ်းမကြီး၏ အတက်အဆင်းအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း CDF-CDM စီးယင်းက ထုတ်ပြန်ထားသည်။

ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်းလမ်းပိုင်း ယာယီပိတ်ထားပြီးအချိန်နောက်ပိုင်း ပြဿနာတစ်ခုမျှ တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဖော်ပြသည်။

ကလေး-သိုင်းငင်လမ်းမကြီးပေါ်တွင် ခိုင်ကမ်းမြို့၊မွာလ်ပီး၊ထေးဇန်၊ဟိန်ဇိန် နှင့် သိုင်းငင်းရွာကြီးများရှိသည်။တီးတိန်မြို့၊သိုင်းငင်းကျေးရွာတွင် စစ်ကောင်စီတပ်က ၂၀၂၂ဇန်နဝါရီကစ၍ အထိုင်ချခဲ့ပြီး အဆိုပါစခန်းကို ချင်းကာကွယ်ရေးတပ်များက ၂၀၂၄ ဇန်နဝါရီ ၁၆ရက်က သိမ်းပိုက်နိုင်ခဲ့သည်။

သိုင်းငင်းကျေးရွာသည် ကလေး-တီးတိန်လမ်းမပေါ်ရှိ ကလေးမြို့မှ တီးတိန် နှင့်ဖလမ်းမြို့သို့ဆက်သွယ်နိုင်သည့်လမ်းဆုံတွင် ရှိသည်။

ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများသိမ်းပိုက်ရန် တီးတိန်၊ထန်တလန်နှင့် ဟားခါးမြို့ သုံးမြို့သာကျန်ရှိသည်။သို့သော် တီးတိန်တွင် စစ်ကောင်စီ၏ခါးပိုက်ဆောင်တပ်အဖြစ် ဒေသခံများက သတ်မှတ်သည့် ဇိုမီးလက်နက်ကိုင်အဖွဲ့ ZRAရှိကာ ချင်းအမျိုးသားတပ်မတော်(CNA)နှင့် မကြာခဏတိုက်ပွဲ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။