Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးလင်းမြို့တွင် NUG ၏ အုပ်ချုပ်ရေးယန္တရားစတင်အသက်ဝင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ဖွဲ့စည်း

” ကလေး(PDFလူငယ်များ)နဲ့ တွေ့ရင် ပြောလို့ဆိုလို့ရတယ်။ သူတို့က အေးဆေးပြောတယ်။ ဒါကြောင့် ကျွန်မတို့ ရုံးအလုပ်တွေကိုကျောခိုင်းလိုက်တယ်”ဟု ယခုရက်ပိုင်း နှုတ်ထွက်စာတင်ခဲ့သော ရုံးဝန်ထမ်းတစ်ဦးကပြောသည်။

ပြည်သူကာကွယ်​ရေးအဖွဲ့(PDF)များကထိန်းချုပ်လာနိုင်​သောမ​ကွေးတိုင်း ထီးလင်းမြို့တွင် ပြည်သူ့အစိုးရ NUG ၏ အုပ်ချုပ်ရေးယန္တရားစတင်အသက်ဝင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်သည်။

ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို နိုဝင်ဘာ ၉ ရက် တွင်စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်​ရေးအစိုးရ- NUG ၏ အုပ်ချုပ်ရေးယန္တရားကို ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် ထီးလင်းမြို့နယ်အတွင်း ဒေသန္တရအုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်​ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေငြာချက်ထုတ်ပြန်သည်။

ယောနယ်တွင်ပါဝင်သော ထီးလင်းမြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီအား ပြောက်ကျားစနစ်ဖြင့် ခုခံတော်လှန်ရာတွင် စစ်​ကောင်စီတပ်အထိ့နာနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားယိုယွင်းလာနေ​သော​​​​ဒေသတစ်ခုဖြစ်သည်။ ယခုအခါ စစ်အာဏာရှင်ဒေါက်တိုင် Non CDM ဝန်ထမ်းများသည် အစုလိုက်အပြုံလိုက်နှုတ်ထွက်နေကြသည်။ ၎င်းတို့နှုတ်ထွက်ကြောင်းအသိပေး စာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံပေးပို့ပြီး စစ်ကောင်စီအောက်တွင်အလုပ်မလုပ်ကြောင်း သက်သေပြရန်ကြိုးစားနေကြသည်။

” ကလေး(PDFလူငယ်များ)နဲ့ တွေ့ရင် ပြောလို့ဆိုလို့ရတယ်။ သူတို့က အေးဆေးပြောတယ်။ ဒါကြောင့် ကျွန်မတို့ ရုံးအလုပ်တွေကိုကျောခိုင်းလိုက်တယ်”ဟု ယခုရက်ပိုင်း နှုတ်ထွက်စာတင်ခဲ့သော ရုံးဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများအနေဖြင့် မြို့နယ်အရေးနှင့်ပတ်သက်၍ သိရှိလိုပါက ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ရုံးဖုန်းနံပတ် ၀၉-၇၆၈၅၀၅၄၄၅နှင့် ၀၉-၄၀၄၄၁၈၉၉၁ သို့ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။