Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့တွင် NUG ၏ အုပ်ချုပ်ရေးယန္တရားစတင်အသက်ဝင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ဖွဲ့စည်း

” ကလေး(PDFလူငယ်များ)နဲ့ တွေ့ရင် ပြောလို့ဆိုလို့ရတယ်။ သူတို့က အေးဆေးပြောတယ်။ ဒါကြောင့် ကျွန်မတို့ ရုံးအလုပ်တွေကိုကျောခိုင်းလိုက်တယ်”ဟု ယခုရက်ပိုင်း နှုတ်ထွက်စာတင်ခဲ့သော ရုံးဝန်ထမ်းတစ်ဦးကပြောသည်။

ပြည်သူကာကွယ်​ရေးအဖွဲ့(PDF)များကထိန်းချုပ်လာနိုင်​သောမ​ကွေးတိုင်း ထီးလင်းမြို့တွင် ပြည်သူ့အစိုးရ NUG ၏ အုပ်ချုပ်ရေးယန္တရားစတင်အသက်ဝင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်သည်။

ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို နိုဝင်ဘာ ၉ ရက် တွင်စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်​ရေးအစိုးရ- NUG ၏ အုပ်ချုပ်ရေးယန္တရားကို ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် ထီးလင်းမြို့နယ်အတွင်း ဒေသန္တရအုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်​ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေငြာချက်ထုတ်ပြန်သည်။

ယောနယ်တွင်ပါဝင်သော ထီးလင်းမြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီအား ပြောက်ကျားစနစ်ဖြင့် ခုခံတော်လှန်ရာတွင် စစ်​ကောင်စီတပ်အထိ့နာနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားယိုယွင်းလာနေ​သော​​​​ဒေသတစ်ခုဖြစ်သည်။ ယခုအခါ စစ်အာဏာရှင်ဒေါက်တိုင် Non CDM ဝန်ထမ်းများသည် အစုလိုက်အပြုံလိုက်နှုတ်ထွက်နေကြသည်။ ၎င်းတို့နှုတ်ထွက်ကြောင်းအသိပေး စာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံပေးပို့ပြီး စစ်ကောင်စီအောက်တွင်အလုပ်မလုပ်ကြောင်း သက်သေပြရန်ကြိုးစားနေကြသည်။

” ကလေး(PDFလူငယ်များ)နဲ့ တွေ့ရင် ပြောလို့ဆိုလို့ရတယ်။ သူတို့က အေးဆေးပြောတယ်။ ဒါကြောင့် ကျွန်မတို့ ရုံးအလုပ်တွေကိုကျောခိုင်းလိုက်တယ်”ဟု ယခုရက်ပိုင်း နှုတ်ထွက်စာတင်ခဲ့သော ရုံးဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများအနေဖြင့် မြို့နယ်အရေးနှင့်ပတ်သက်၍ သိရှိလိုပါက ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ရုံးဖုန်းနံပတ် ၀၉-၇၆၈၅၀၅၄၄၅နှင့် ၀၉-၄၀၄၄၁၈၉၉၁ သို့ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook