Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ ခေါင်းဆောင် နုတ်ထွက်မှာ မဟုတ်ဘူးလို့ အကြံပေး အရာရှိပြော

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ ခေါင်းဆောင် မူဟာမက် ယူနွတ်စ်ဟာ လက်ရှိ တာဝန်ယူထားတဲ့ ရာထူးမှာ ဆက်ရှိနေမယ်လို့ သူ့ရဲ့ အကြံပေး အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

Getty Images

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ ခေါင်းဆောင် မူဟာမက် ယူနွတ်စ်ဟာ လက်ရှိ တာဝန်ယူထားတဲ့ ရာထူးမှာ ဆက်ရှိနေမယ်လို့ သူ့ရဲ့ အကြံပေး အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ယူနွတ်စ်ရဲ့ အနီးကပ် မဟာမိတ်တွေက ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သတိပေးခဲ့ပြီး ၂ ရက်အကြာ မေလ ၂၄ ရက်နေ့မှာ ဝါဟီဒူဒင် မာမွတ်က အခုလို ပြောဆိုသွားတာပါ။ မာမွတ်ဟာ ယူနွတ်စ်ရဲ့ စီမံကိန်းရေးရာ အကြံပေးလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရဟာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့တိုင်အောင် ပြည်သူလူထုက အပ်နှင်းထားတဲ့ တာဝန် ဝတ္တရားတွေ ကျေပြွန်အောင် ကြိုးစား ထမ်းဆောင်နေကြောင်း၊ အတားအဆီးတွေကိုလည်း တစ်ခုချင်းစီ ကျော်လွှားနေကြောင်း မာမွတ်က ဆိုပါတယ်။ သူက ယူနွတ်စ်ဟာ နုတ်ထွက်တော့မယ်ဆိုတဲ့ စကားမျိုးကို ဘယ်တုန်းကမှ ကိုယ်တိုင်ကိုယ်ကျ မပြောခဲ့ဖူးဘူးလို့လည်း ရှင်းလင်းသွားခဲ့ပါတယ်။

အစောပိုင်းတုန်းက ယူနွတ်စ်ဟာ သူဦးဆောင်တဲ့ ယာယီ အစိုးရကို နိုင်ငံရေး ပါတီတစ်ခုက ဆန့်ကျင် ဆန္ဒပြခဲ့တဲ့နောက် အစိုးရအဖွဲ့ ခေါင်းဆောင် အဖြစ်က နုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သူ့ရဲ့ အတွင်းစည်း အသိုက်အဝန်းက ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယူနွတ်စ်ဟာ နိုင်ငံရေးပါတီတွေဆီက အားပေး ထောက်ခံမှုကို လိုအပ်ပြီး အဲဒီလို ရပ်တည်မှုမျိုး မရှိရင်တော့ နုတ်ထွက်သွားဖွယ် ရှိတယ်လို့ သူ့ရဲ့ မဟာမိတ်တွေက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူနွတ်စ်ဟာ နိုဘယ်လ်ဆု ချီးမြှင့်ခံရဖူးသူ ဘဏ်လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွမှုကြီးအပြီး ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားချိန်နောက်ပိုင်း ယာယီ အစိုးရ အဖွဲ့ရဲ့ အကြံပေး အရာရှိချုပ်အဖြစ် တာဝန်ယူနေတာပါ။

ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)ဟာ ယူနွတ်စ် ဦးဆောင်တဲ့ ကြားကာလ အစိုးရကို ဒီဇင်ဘာလ မတိုင်ခင် ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဖိအားပေးခဲ့သလို ယာယီ အစိုးရ အဖွဲ့ထဲက အငြင်းပွားဖွယ် အခြေအနေတွေ ရှိနေတဲ့ အရာရှိတွေကို ဖယ်ရှားပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဟာဆီနာ ဦးဆောင်တဲ့ အဝါမီ အဖွဲ့ချုပ် ပါတီ (AL) အစိုးရ ပြုတ်ကျသွားတဲ့ နောက်ပိုင်းမှာ BNPဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အရေးပါတဲ့ နိုင်ငံရေး အင်အားစု တစ်ခု ဖြစ်လာပြီး အခုအခါမှာတော့ ယာယီ အစိုးရရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို စိန်ခေါ် မေးခွန်းထုတ်နေပါတယ်။ BNPဟာ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ခိုင်မာတဲ့ လမ်းပြမြေပုံတစ်ခု ရေးဆွဲ ထုတ်ပြန်ပေးဖို့လည်း ယူနွတ်စ်ရဲ့ ယာယီ အစိုးရကို တိုက်တွန်းနေပါတယ်။

ကိုးကား: First Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။