Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်တပ်ပိုင် ဦးပိုင်နှင့်MECတို့ကို အကြမ်းဖက်လုပ်ငန်းများအဖြစ်သတ်မှတ်၊ မပတ်သပ်ရန် NUG​ကြေညာ

မြန်မာနိုင်ငံတွင်စစ်အာဏာရှင်ပျက်သုန်းရေးနှင့်သက်ဆိုးမရှည်ရေးအတွက် စစ်အာဏာရှင်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေရလမ်းများကို ပိတ်ဆို့အရေးယူဖြတ်တောက်ခြင်းသည် အရေးပါသော လုပ်ငန်းစဉ်ဖြစ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု NUGက ရှင်းပြထားသည်။

အာ​ဏာသိမ်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီး နှစ်ခုကို အကြမ်းဖက်စီးပွားရေးလုပ်ငန်းအဖြစ်သတ်မှတ်ပြီး နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်းနှင့်ထိုလုပ်ငန်းများနှင့်မပတ်သပ်ရန် အမျိုးသားညီညွတ်ရေအစိုးရ(NUG)က ယ​နေ့ထုတ်ပြန်လိုက်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့ သည် နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး၊ မလျော်သြဇာဖြင့် စစ်တပ်၏ လုပ်ပိုင်ခွင့်နှင့် အင်အားကို အသုံးပြု၍ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်ဟု NUG၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ၁၀ တွင်ထုတ်ပြန်သည်။ အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးအင်ပါယာသည် စျေးကွက်နယ်ပယ်စုံ၌ ထိုးဖောက် နေရာယူကာ စီးပွားအရေးအကျိုးအမြတ်များစွာ နှစ်စဥ်ရရှိနေပြီး ၊MEHL နဲ့ MEC တို့သည် နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး မလျော်သြဇာဖြင့် စစ်တပ်၏ လုပ်ပိုင်ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်နေ​ကြောင်း NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စိစစ်တွေ့ရှိ​ကြောင်း​ဖော်ပြထားသည်။

ထိုကြောင့် ပြည်သူလူထုအနေဖြင့် ၎င်းကုမ္ပဏီကြီးနှစ်ခု၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်တားမြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။ ထိုသို့ဆောင်ရွက်ပါက
စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံ အားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်ဟု NUGက ဆိုထားသည်။

မြန်မာနိုင်ငံတွင်စစ်အာဏာရှင်ပျက်သုန်းရေးနှင့်သက်ဆိုးမရှည်ရေးအတွက် စစ်အာဏာရှင်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေရလမ်းများကို ပိတ်ဆို့အရေးယူဖြတ်တောက်ခြင်းသည် အရေးပါသော လုပ်ငန်းစဉ်ဖြစ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု NUGက ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စု၏ အဓိကဝင်ငွေ ရလမ်းဖြစ်သောမြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နှင့်ဗြိတိန်တို့က မတ်လတွင် ပိတ်ဆို့အရေးယူမူကို ချမှတ်ခဲ့သည်။ ထိုလုပ်ငန်းကြီးနှစ်ခုသည် ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးမှသည် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများအထိ စီးပွား ရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်