Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ဒေသ မြန်မာ -ထိုင်းနယ်စပ်က ရှေ့တန်းစခန်းကို KNU ထပ်မံသိမ်းယူ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထဲက မြန်မာ – ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ် စခန်းကို ဒီနေ့ (ဇွန်လ ၁၀ ရက် )မှာ သိမ်းယူလိုက်ပြီလို့ KNU ဘိတ် – ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

ဇွန် – ၁၀ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထဲက မြန်မာ – ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ် စခန်းကို ဒီနေ့ (ဇွန်လ ၁၀ ရက် )မှာ သိမ်းယူလိုက်ပြီလို့ KNU ဘိတ် – ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဘက်က ပွိုင့် -၂၅၆၆ လို့ သတ်မှတ်ထားတဲ့ အဲဒီစခန်းဟာ KNU ရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ ဘိတ် – ထားဝယ်ခရိုင် ၊ တပ်မဟာ ( ၄) စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိတာပါ။

စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ အမိုနယ်စပ် စခန်းကို ဇွန်လ ၈ ရက်မှာ KNU တပ်မဟာ (၄) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာပါ။ သုံးရက်မြောက်နေ့ မှာတော့ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“စခန်းသိမ်းတိုက်ပွဲအတွက် ၃ ရက်တာခန့် ကြာမြင့်ခဲ့သည်”လို့ KNU ဘိတ် – ထားဝယ်ခရိုင်က လည်း သတင်းထုတ်ပြန်ပါတယ်။

KNU က ထုတ်ပြလာတဲ့ ဓာတ်ပုံတွေမှာတော့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတာတွေ့ရပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးနဲ့ ဖမ်းမိစစ်သုံ့ပန်း ရှိ မရှိကို တော့မဖော်ပြထားပါဘူး။

အမိုနယ်စပ်စခန်းဟာ ထားဝယ်မြို့အခြေစိုက် အမှတ် (၂၅) ခြေလျင်တပ်ရင်းရဲ့ အထိုင်စခန်းတစ်ခုဖြစ်ပြီး ထီးထာဗျုဟာကွပ်ကဲမှု အောက်မှာရှိတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။

အဲဒီစခန်းကို KNU တပ်မဟာ (၄) ၊ ဘိတ် – ထားဝယ်ခရိုင်ရဲ့ ထီးထနဲ့ ထီးခီး ဌာနချုပ် စခန်းတွေ ကိုသိမ်းယူအပြီး ၁၉၉၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က စတင်တပ်စွဲခဲ့တာလို့လည်းသိရပါတယ်။

KNU တပ်မဟာ (၄) ဟာ နှစ်ပေါင်း ၃၀ နီးပါး လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ်နေရာဟောင်းတွေဖြစ်တဲ့ ထိုင်းနယ်စပ်အနီးက ထီးထ နဲ့ထီးခီ တပ်စခန်းတွေကို အခုနှစ်အတွင်းပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ နယ်စပ်က တပ်စခန်းတွေ လက်လွှတ်ရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်အသိပေးတာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။