Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်း အောင်စိတ်အစစ်ဟု ဦးမင်းကိုနိုင်​ပြော

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

( ၂၀၂၅ ဇူလိုင်လ(၂) ရက်မှာဖားဆောင်မြို့တိုက်ပွဲကို ဗုံးလာကြဲခဲ့တဲ့ စစ်တပ်ရဲ့တိုက်​​လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့​တွေက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ပြီး​နောက်​တော်လှန်​ရေးတပ်​တွေ​အောင်ပွဲခံ​နေစဥ်။ အဆိုပါ​လေယာဥ် ပစ်ချခံရစဥ်ကလည်း စစ်တပ်က စက်ချို့ယွင်းပြီး ပျက်ကျတာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ။ဓါတ်ပုံ-KNDF )

“အာရုံအလွဲမခံနဲ့ အချိန်ဆွဲမခံနဲ့ ။ တော်လှန်ရေးဘက်မှာ SCEF ဦးဆောင်ကောင်စီဖွဲ့ပြီ လက်သွက်ခြေသွက်လှမ်းနေပြီ အနိုင်ယူရမည့်အခွင့်အရေးဗျ”

— ဦးမင်းကိုနိုင်

သြဂုတ်-၄၊၂၀၂၆။​နေ့သစ်/People’s Spring

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ဌာ​နေကိုယ်စားလှယ် ​တွေ့ဆုံ​ကြောင်းသတင်းကို အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လာတဲ့အ​ပေါ် ဦးမင်းကိုနိုင်ကို ​မေးမြန်းရာ”ခေါင်းဆောင်ကိုချက်ချင်းမလွှတ်ရဲပါဘူးဆိုတာကျနော်အကြိမ်ကြိမ်ပြောပြီးပြီလေ။ သူတို့သက်ဆိုးရှည်ဖို့သာ အာရုံလွှဲ/အချိန်ဆွဲ/စိတ်ဝမ်းခွဲဖို့ အမျိုးမျိုးအသုံးချဖို့ကြံမှာပဲ “လို့ မှတ်ချက်ပြုပါတယ် ။

“နောက်တခုက မမေးလည်းပြောစမ်းပါရစေတိုက်လေယာဉ်ပျက်ကျသတင်းက အောင်စိတ်အစစ်ပါ။ ဖက်ဆစ်တပ်ကဒီသတင်းကိုလူတွေအားတက်စေမှာမျိုးမလိုလားမှာအမှန်ပဲ ။ဒါကို တခြားသတင်းတွေနဲ့ဖုံးအုပ်တာတွေလာပါမယ် ။တကယ်ဆိုစစ်ရေးကအရေးကြီးဆုံးကာလရောက်နေပြီ၊ ဖက်ဆစ်တပ်ဟာ ဟိုသီချင်းထဲကလိုနေရာတိုင်းမှာအရှုံးကို ရင်ဆိုင် ဖြစ်နေတာ လေကြောင်းတခုထဲအားနဲ့တပြည်လုံးလှည့်တိုက်နေရတာနှစ်ပေါင်းကြာတော့တိုက်လေယာဉ်တွေ လေယာဉ်မောင်းတွေဟာပျံသန်းချိန်တွေမဟာဒယား ကျော်ကုန်ပြီ ၁/တိုက်လေယာဉ်တွေရဲ့ကြံ့ခိုင်ရေးယိုယွင်း၂/မောင်းသူတွေရဲ့စိတ်ရောကိုယ်ပါ ဖိဆီးမှုတွေကြောင့်လေတပ်ကျဆုံးခန်းစတာကိုသူတို့ဖုံးဖိလိမ့်မယ် အာရုံလွှဲလိမ့်မယ် “လို့ရှစ်​လေးလုံးအ​ရေး​တော်ပုံမှ ​နွေဦး​တော်လှန်​ရေးအထိ ပြည်သူနဲ့အတူရပ်တည်ကာစစ်အာဏာရှင်ကို​တော်လှန်​နေတဲ့ ​ခေါင်း​​ဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကဆက်​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရခိုင်မှာAAကိုဘယ်မှာနိုင်လို့လဲကြည်း/ရေ/လေပေါင်းလည်း ဖက်ဆစ်အခြေအနေပို​ဆိုးနေတာပဲ သူရှုံးတော့မှာ ဒါတွေဖုံးကွယ်ဖို့ အာရုံတွေလွှဲဦးမှာ။ပြည်သူတွေအောင်စိတ်ရပြီး စစ်ရေးကိုစုပေါင်းတွန်းလိုက်ရင်ဘာတွေဖြစ်မလဲ။ နေ့စဉ်ဘဝတွေထဲကြက်ဥတလုံး၇၀၀ကော၊ စုံ/မ ကားနဲ့လောင်စာပြသနာကော၊ စစ်သားသစ်ဖမ်းစု ငွေညှစ်နေတဲ့လူမိုက်ဂိုဏ်းစစ်တပ်ကိုယ်တိုင်ဖွဲ့ပေးပြီးကျူးလွန်ခံနေရတာတွေ ၊ခုရေကြီးအောင် တာတွေဖေါက်ချလို့ဖြစ်ရတဲ့ဘေးဒုက္ခတွေရော အကုန်ပေါင်းရင်ဘာဖြစ်မလဲဖက်ဆစ်သိတာပေါ့ “လို့ ဦးမင်းကိုနိုင်ကလက်ရှိ အ​ခြေအ​နေအ​ပေါ်သုံးသပ်ပါတယ်။

“ဒါကြောင့်အာရုံအလွဲမခံနဲ့ အချိန်ဆွဲမခံနဲ့ ။ တော်လှန်ရေးဘက်မှာ SCEF ဦးဆောင်ကောင်စီဖွဲ့ပြီ လက်သွက်ခြေသွက်လှမ်းနေပြီ အနိုင်ယူရမည့်အခွင့်အရေးဗျ”လို့ တိုက်တွန်း​ပြောကြားပါတယ် ။

ဒါ့အပြင်မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီးသြဂုတ် ၃ ရက်မနက်အ​စောပိုင်းက ပျက်ကျခဲ့တာဟာစစ်တပ်ထုတ်ပြန်သလို ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ သွားစဥ် ပျက်ကျခဲ့တာဖြစ်ပြီးတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

“မနက်အစော ရခိုင်ဘက်ကိုသွားတာ။တိုက်လေယာဥ်ကတစ်စင်းထဲတော့မဟုတ်ဘူး။ နှစ်စင်းတတ်သွားတာ။ပြီးတော့မနက်အစောကြီး။ ရာသီဥတုကလည်းသိပ်မကောင်းဘူး။ ​နောက်တစ်ခုက လေယာဥ်အမှုထမ်းတွေက တောက်လျှောက်မနားရဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုတောက်လျှောက်သွားနေရတော့ ဒဏ်မခံနိုင်ကြဘူး။ မနက်အ​စောပိုင်းဆို ငှက်​တွကလည်း အိပ်တန်းထနေတဲ့အချိန် တိုက်မိတာနေမှာပေါ့။ငှက်ကအင်ဂျင်ခန်းထဲကိုဝင်သွားတော့ မီးလောင်ပြီးပျက်ကြတာ။ အဲဒီမှာလေယာဥ်မှူးက အရေးပေါ်ခလုတ်နဲ့လေထီဖွင့်ပြီးခုန်ချတော့ အသက်ဘေးကလွတ်တာပေါ့။ အမှုထမ်းကတော့သေတယ်။ လေယာဥ်မှူးကိုတော့ သူတို့စစ်နေတယ်လို့ကြားတယ်” လို့ စစ်တပ်နဲ့နီးစပ်သူတဦးကပြောပါတယ်။

စစ်တပ်​လေယာဥ်ဟာ ဘယ်​ဒေသကို ဗုံးသွားကြဲရင်းပျက်ကျခဲ့တယ်ဆိုတာကို လူထု​နွေဦးအ​နေနဲ့ သီးခြားအတည်မပြုနိုင်​ပါဘူး။ဒါ​ပေမယ့်စစ်တပ်ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်​နေတဲ့ ရခိုင်ပြည်နယ် ၊ရခိုင်ပြည်နယ်နဲ့ဆက်စပ်​နေတဲ့ ဧရာဝတီတိုင်း ပဲခူးတိုင်း မ​ကွေးတိုင်းအစပ်​ဒေသ​တွေ နဲ့ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မ​ကွေးတိုင်း၊စစ်ကိုင်းတိုင်း ၊ကချင်ပြည်နယ် စတဲ့ ​ဒေသအနှံကို ဗုံး​တွေ ဆက်တိုက်ကြဲ​နေတာဖြစ်ပါတယ်။

သြဂုတ် ၃ ရက်မနက်မှာဆိုရင် စစ်တပ်ကရခိုင်ပြည်နယ် ၊သံတွဲမြို့နယ် ၊ငပလီကမ်း​ခြေရှိဂျိတ္တောအမှတ်(၉)ရပ်ကွက် ကိုမနက်၁၀နာရီ​ကျော်က​နေ ၁၁ နာရီနီးပါးထိ မိနစ် ၃၀ ​ကျော်ကြာတိုက်​လေယာဥ် ၄ စီး ၊Y-12 တစ်စီးနဲ့ ဗုံး ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။ ​လေယာဥ်အုပ်နဲ့ ဗုံး အလုံး ၆၀ ​ကျော်ကြဲတာ​ကြောင့် အနည်းဆုံး​ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

ဒါ့အပြင် သြဂုတ် ၃ ရက်မှာ ကရင်ပြည်နယ်မှာလည်း တိုက်ပွဲ​တွေပြင်းထန်ခဲ့ပြီး စစ်တပ်က မြန်မာ-ထိုင်းနယ်စပ်ကို ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ မကြာခဏလုပ်​နေပါတယ်။ သြဂုတ် ၃ ရက်မှာ ​စစ်တပ်ရဲ့တပ်မ ၂၂ လက်​အောက်ခံ ခမရ (၂၀၃) တပ်ရင်းနဲ့ ခမရ(၂၁၀)တို့ဟာ ဒေါနအ​ရှေ့ခြမ်းမှာ စစ်​ကြောင်းထိုးဝင်စဥ် KNLA ဦး​​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေတိုက်ခိုက်မှု​ကြောင့် စစ်​ကြောင်းမှူးအပါအဝင်စစ်​ကြောင်းတစ်ခုလုံးပျက်ပြီးလက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ကလည်းထုတ်ပြန်ပါတယ် ။

People’s Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်တပ်ရဲ့ တိုက်​လေယာဥ်​တွေအပါအဝင် ​လေယာဥ်နဲ့ ရဟတ်ယာဥ် မျိုးစုံအစီး​ရေ အနည်းဆုံး ၁၄ စီးကို တော်လှန်​ရေးတပ်​တွေကပစ်ခတ်ဖျက်ဆီးထားသလို၊ အ​ကြောင်းအမျိုးမျိုး​ကြောင့်ပျက်ကျတဲ့ ​လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၈ စီးရှိ​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ