Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်အ​ရှေ့ခြမ်းတိုက်ပွဲစစ်တပ်ကခမရ(၂၀၃)တပ်ရင်း စစ်ကြောင်းမှူးအပါအ၀င် စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်

လက်နက်မျိုးစုံ ၁၀ လက်နဲ့ခဲယမ်း​တွေသိမ်းဆည်းရရှိ

(သိမ်းဆည်းရမိ လက်နက်ခဲယမ်းတွေနဲ့ သေဆုံးသွားတဲ့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ ဝင်အချို့။ဓါတ်ပုံ-KNU)

သြဂုတ်- ၃၊၂၀၂၆၊ နိုင်ပကောင်း / People’s Spring

ကရင်ပြည်နယ်၊ ဒေါန​တောင်တန်းအ​ရှေ့ခြမ်းမှာဒီနေ့ (သြဂုတ်လ ၃ရက်) မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ခမရ(၂၀၃)တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအ၀င် စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU ရဲ့အုပ်ချုပ်ရေး နယ်မြေသတ်မှတ်ပုံအရ ဒူးပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) ၊ တပ်မဟာ (၆) ရဲ့ နယ်မြေ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ မြဝတီမြို့တောင်ဘက်ကလက်လွှတ်ထားရတဲ့နယ်မြေတွေအင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးတာပါ။

ဒီနေ့ ( သြဂုတ်လ ၃ ရက်) မှာတော့ စစ်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၂၁၀)၊ ခမရ (၂၀၃) တို့ နဲ့ KNU တပ်ရင်း (၂၈ )တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး စောဒါဘော ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်တာပါ။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ ခမရ (၂၀၃) ရဲ့ ဗိုလ်မှုးအဆင့် စစ်ကြောင်းမှုး ဦးဆောင်တဲ့ စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တာလို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်တာပါ။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအပြီး စစ်မြေပြင်မှာစစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြားကျန်ရစ်ခဲ့ပြီး လက်ရှိအချိန်မှာလက်နက်ရှစ် လက်နဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်း ထားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ဒါ​ပေမယ့်သိမ်းဆည်းရရှိတဲ့လက်နက် ခဲယမ်း​တွေကိုသတင်း​ဓါတ်ပုံဖော်ပြတာမှာ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိတာကို​တွေ့ရ့ပါတယ်။

မြဝတီမြို့​တောင်ဘက် ​ရဲကုန်းအနီးတိုက်ပွဲ​တွေမှာလည်း ဇူလိုင်လအတွင်းမှာပဲစစ်တပ်ရဲ့ ​စစ်​ကြောင်းတွေပျက်​အောင်တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

မှတ်ချက် -ကနဦးသတင်း​ဖော်ပြချက်မှာ ဒေါနတောင်တန်း အနောက်ခြမ်းလိုမှားယွင်း​​​ဖော်ပြမိလို့ အရှေ့ခြမ်းလို့ပြန်လည်ပြင်ဆင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။