Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မှာစပါးရောင်းထားတဲ့အိမ်ဓားပြတိုက်ခံရပြီး အမျိုးသားဖြစ်သူသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

(မုဆိုးခြုံရွာမ ရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-​ဒေသခံ)

ဩဂုတ်-၃၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

ဩဂုတ်လ၁ရက်(စ​နေ​နေ့ )ည၁၂နာရီမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၆ ဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်တွေကိုင်ပြီးမုဆိုးခြုံရွာမထဲက အသက်၆၀ ဝန်းကျင်ဦးဇော်ထွန်းနဲ့ ဒေါ်မာမာတို့အိမ်ကို ရောက်လာပါတယ်။အဲဒီနောက် လင်မယားနှစ်ဦးလုံးကို လက်ပြန်ကြိုးတုပ်ပြီးစပါး​ရောင်းရ​ငွေ ငွေကျပ်သိန်း၂၅၀နဲ့ ဖုန်း ၄ လုံးကိုယူကာ အမျိုးသားဖြစ်သူကိုနားထင်သေနတ်နဲ့ တေ့ပစ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။‌

“အမျိုးသမီးက အသက်ရှင်ခဲ့တယ်လေ။သူ‌ ပြောရဲရင် ပေါ်မှာပဲ။သူ့ဟာသူမျက်လုံးပဲစည်းစည်း၊ဒီနယ်မှာအသံနဲ့တင်ဘယ်သူလဲဆိုတာသိကြတယ်။”လို့ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မုဆိုးခြုံရွာမဟာ စစ်တပ်တပ်စွဲထားတဲ့ ဟန်လင်းရွာရဲ့အနောက်ဘက်မှာရှိပြီး ​တော်လှန်​​ရေးတပ်​တွေစိုးမိုးနယ်မြေ ဖြစ်တယ်လို့သိရပါတယ်။ရွာအဝင်မှာလည်းရပ်‌ကျေးပကဖရဲ့ကင်းတဲဂိတ်ရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စပါးပွဲစားတဦး ငွေထုတ်ပြန်လာချိန်လမ်းမှာ နားထင်တေ့ပစ်သတ်ခံရပြီး ငွေကျပ်သိန်း ၆၀၀ လုယူခံခဲ့ရပါတယ်။ဒါ့အပြင် ဒီဖြစ်ရပ် မတိုင်ခင်မှာလည်း စပါး ရောင်းပြန်လာတဲ့ လင်မယားနှစ်ဦးပစ်သတ်ခံရပြီးငွေတွေ လုယက်ခံခဲ့ရသေးတယ်လို့သိရပါတယ်။

ဓါးပြတိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ်က ပကဖ ၊ပအဖ ၊ပလဖ (ပသုံးလုံး) တာဝန်ရှိသူ​တွေကို ဆက်သွယ်​မေးမြန်းဖို့ People’s Spring က ကြိုးစား​ပေမယ့် ဆက်သွယ်လို့မရ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

Facebook